32

996 157 10
                                    


ရှီမိသားစု၏အဖွားသည် အလွန်စိတ်လှုပ်ရှားနေကာ ရှီချန်းယု သည် ရုပ်ရည်ကြည့်ကောင်းရုံသာမက ကွင်ချန် ကောင်တီရှိ ရှီမိသားစုလို ကြားထဲ နေထိုင်ခဲ့ရတာတောင်မှ လူကောင်းဖြစ်နေသည်ကို တွေ့ရသဖြင့် သူမသည် ခဏတာမျှ မထိန်းနိုင်ဘဲ ပွေ့ဖက်လိုက်သည်။

သူမက ရှီချန်းယု ကို အနည်းငယ် စိတ်လှုပ်ရှားစွာ ပါးပုတ်လိုက်ပြီး သူမ၏ တိမ်ဖုံးနေသော မျက်ဝန်းများတွင် မျက်ရည်များဖြင့် တလက်လက်တောက်ပနေသည်။

"မင်းပြန်လာတာ..ကောင်းတယ်..မင်းပြန်လာရင်ကို ကောင်းပါတယ်..."

ဒီလိုပြောပြီး  ရှီချန်းယုကို အိမ်ကို ဆွဲထုတ်လညတယ်။ ဒါကိုမြင်တော့ ရှီယွီရှီး က တခဏတာ တုံ့ဆိုင်းသွားသော်လည်း တစ်စုံတစ်ခုကြောင့် ငြိမ်သွားသည်။

"အဲဒါ..အမေ ရှောင်ယု က အရမ်းပင်ပန်းနေပြီ၊ ခဏလောက် အနားယူဖို့ အချိန်ပေးပြီး အိမ်ကို..."

ရှီယွီရှီး က စကားမဆုံးခင်မှာ အဘွားအိုက ပြောလိုက်ပါတယ်။ သူမမျက်နှာပေါ်တွင် မကျေနပ်သည့်အမူအရာတစ်ခုရှိနေပြီး သူမကို နှောင့်ယှက်ခြင်းအတွက်လည်း စိတ်တိုသွားပုံရကာ..

"မင်း ဒီလို သေးငယ်တဲ့ အိမ်မှာ နေနေတာ ငါ သေချာသိပါတယ် ငါတို့ရှောင်ယု ပြန်လာတဲ့အခါ ငါ့အိမ်မှာ နေသင့်တာပေါ့.."

ရှီယွီရှီးသည် အဘွားအိုကို ကြောက်ရသည်မှာ ထင်ရှားပါသည်။ ဤခေတ်တွင် လူအများစုသည် အသက်ကြီးသူများကို ကြောက်ကြသည်။ အမှန်ဆိုရလျှင် ဤခေတ်သည် ဝတ်ကြီးဝတ်ငယ်များပြုလုပ်ခြင်းသည် ကောင်းကင်ဘုံ ရောက်သည့်ခေတ်ဖြစ်ပြီး အချို့သောသူများသည် အသက်ကြီးသူတို့အပေါ် မကောင်းပါက ဝေဖန်ကြလိမ့်မည်။

ရှီချန်းယု သည် ထိုစကားကိုကြားသောအခါ ပထမမိသားစုနှင့် ဒုတိယမိသားစုများ ကွဲကွာသွားသည်ကို အမှတ်ရခဲ့ပြီး ယခုအခါ အဘွားအိုသည် ပထမမိသားစုနှင့်အတူ နေထိုင်ခဲ့သည်။ ပထမမိသားစုနှင့် အဘွားတို့ နှစ်ယောက်လုံး အိမ်ဟောင်းတွင် နေထိုင်ကြပြီး ရှီမိသားစု၏ ဒုတိယသားက ရွာမြောက်ဘက်တွင် အိမ်သေးသေး နှစ်လုံးကို ဆောက်လုပ်ကာ နေထိုင်ခဲ့သည်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now