30☁

1.1K 174 2
                                    


အဲဒီနောက် ရှီချန်းယု က မူလင်းထန် ကို တောင်ပေါ်ကနေ ခေါ်လာပြီး အန်တီယန် နဲ့ ယန်ကျင်းချန် ကို နှုတ်ဆက်ဖို့ ရွာထဲဝင်လာလိုက်တယ်။ အဒေါ် ယန် ၏ အခြေအနေက အနည်းငယ် သက်သာလာသဖြင့် မနက်ဖြန်တွင် ယန်ကျင်းချန်အား မြို့၏ ဆေးဘက်ဆိုင်ရာ စင်တာသို့ ခေါ်ဆောင်ရန် စီစဉ်ခဲ့သည်။

ရှီချန်းယု သည် သူတို့ဘယ်သွားမည်ကို အသေးစိတ်ပြောမပြသော်လည်း ၎င်းတို့ထွက်ခွာတော့မည်ဟု အန်တီယန်အား ပြောပြခဲ့သည်။ ကျီရှန်း ရွာမှ ထွက်ခွာရန် စီစဉ်နေကြောင်း အန်တီယန်ကြားသောအခါ သူမဘေးတွင် ရပ်နေသော မူလင်းထန် ကို စိုးရိမ်တကြီး စိုက်ကြည့်မိသည်။

ဒါကိုခံစားမိတော့ ၊ မူလင်းထန် က သူ့နုတ်ခမ်းကို အနည်းငယ်လှုပ်ပေမယ့် သူ့က အကျင့်စရိုက်အရ စိတ်လှုပ်ရှား​ကာ ဘာမှ မပြောနိုင်ဘဲ ခပ်တိုးတိုးလေး ပြောထွက်လာအောင် အချိန်အတော်ကြာအောင် စောင့်ခဲ့ရပါတယ်။

"အန်တီ ကျန်းမာရေး ဂရုစိုက်နော်"

ဒါကိုကြားတော့ အန်တီယန်က အဝေးကအိမ်ထောင်ပြုခဲ့တဲ့ အစ်ကိုကြီး အကြောင်း တွေးလိုက်မိတယ်။ တခြားသူနဲ့ လက်ထပ်တုန်းကလည်း ဒီလိုပါပဲ။ သူမမှာ ပြောစရာတွေ အများကြီးရှိမှန်း သိသာပေမယ့် နောက်ဆုံးမှာတော့ သူမ ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ ပြောဖို့ တစ်ခုခုပြောခဲ့ရုံပါပဲ။

မူလင်းထန်၏လက်ကို ကိုင်ရန် လက်ကို ဆန့်တန်းကာ မူလင်းထန်အား တုန်တုန်ယင်ယင်အသံဖြင့်..

“ကောင်းတယ်..သားလေး..ကောင်းတယ်..အန်တီ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ့မယ်"

အန်တီယန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး စိုးရိမ်စိတ်အနည်းငယ်ဖြင့်  ရှီချန်းယု တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ သည် ရှီချန်းယု ၏လက်ကို တစ်ဖန်ပြန်ယူကာ ၎င်းတို့နှစ်ဦး လက်ကို ထပ်ကာ ထားသည်။

ဆီမီးမှိန်မှိန်အောက်တွင် မီးသည် အလွန်မှိန်နေ၏။ ရှီချန်းယု ကို အချိန် အတော်ကြာ စိုက်ကြည့်ပြီးနောက် အန်တီယန် က  ရှီချန်းယု ကို..

"ကမ္ဘာကြီးက အခု မငြိမ်းချမ်းသေးပါဘူး..အဲဒါက အမျိုးသမီးတွေ နဲ့ ကောတွေအတွက် အရမ်းကြမ်းတမ်းပြီး မတရားတဲ့ကာလပဲ.. အနာဂတ်မှာ မင်း ဘယ်သွားသွား..လင်းထန် ကိုမထိခိုက်စေဖို့..."

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now