25☁

1.3K 194 3
                                    

လူတိုင်းက တစ်ခုခုကို ပြောချင်နေမှန်း သိသာထင်ရှားပေမယ့် သူတို့ကို မစော်ကားဝံ့တဲ့အတွက် ခဏတဖြုတ်ကြာမှ မကျေမနပ်နဲ့ ထွက်သွားလိုက်ရပါတယ်။

သူတို့အဖွဲ့ ထွက်သွားတော့မည်ကို တွေ့လိုက်ရသဖြင့် ရှီချန်းယုက အန်တီယန် ကို တောင်ပေါ်ကနေ သယ်သွားခိုင်းလိုက်သည်။ သူတို့၏ သက်ကယ်တဲတွင် အခန်းတစ်ခန်းသာ ရှိပြီး  အိပ်ရန်အတွက် အိမ်တွင် မြေသားကုတင်တစ်လုံးသာ ရှိသည်။ ထို့အပြင် ယန်ကျင်းချန် သည် အန်တီယန်အား ပြုစုစောင့်ရှောက်ရန် လိုအပ်ပေမယ့် မူလင်းထန်ကလည်း လူမမာဖြစ်တာကြောင့် အမှန်တကယ် အဆင်မပြေပေ။

ကံကောင်းထောက်မစွာ၊ ရှီချန်းယု ၏ဆေးက ထိရောက်ခဲ့သည်။ အကိုက်အခဲပျောက်ဆေးရဲ့ အာနိသင်က မရှိတော့ပေမယ့် အန်တီယန်ရဲ့ အခြေအနေက ပိုကောင်းပါတယ်။ အဲဒီနောက် လမ်းရှင်းသွားတဲ့အခါမှာတော့ မြို့ထဲက ဆေးကုသရေးဌာနကို သွားပြီးတော့ ဆေးထပ်ကုသင့်သည်။

ကျီရှန်း ရွာတစ်ခုလုံးက ဆင်းရဲလွန်းတာကြောင့် ဒီရွာကလူတွေက ဒါကို အခွင့်ကောင်းယူတတ်ကြတယ်။ ရှီချန်းယု က အန်တီယန် ရဲ့ ဒဏ်ရာကို သက်သာပျောက်ကင်းအောင် လုပ်ပေးနိုင်သည်ကို တစ်စုံတစ်ယောက်က မြင်လိုက်ရတဲ့ အတွက် ဒဏ်ရာရတဲ့ မိသားစုဝင်တွေကို လိုက်ကုပေးချင်ခဲ့ပါတယ်။ ဒီနည်းနဲ့ သူ တို့မြို့ကို တလမ်းလုံးသွားစရာမလိုဘဲ အန်တီယန်လို ဆေးဘက်ဆိုင်ရာငွေတွေလည်း အများကြီး ချွေတာနိုင်လိမ့်မယ်။

ရှီချန်းယု သည် ထိုစကားကိုကြားသောအခါ တံတွေးသီးမတက် ရယ်လုမတတ် ရယ်သည်။ နောက်ဆုံးဘဝတွင် အခြားသူများက သူ့ကို မြှောက်ပင့်ပေးလေ့ရှိ သည်။ ရှီချန်းယု သည် ဘယ်သောအခါမှ ဒုက္ခရောက်နိုင်သော သခင်တစ်ဦး မဟုတ်ခဲ့ပါ။

ထို့ကြောင့် သူတို့၏အတွေးများကိုကြားပြီးနောက် ရှီချန်းယု သည် ဤလူအုပ်စုကို စကားမပြောမချင်တော့တာကြောင့် အေးစက်သောမျက်နှာဖြင့် သူ၏အခန်းတံခါးကို တိုက်ရိုက်ပိတ်လိုက်သည်။

ဒါကိုမြင်တော့ ရွာကလူကြီးတချို့က မအော်ပဲမနိုင်တော့ဘူး။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now