4☁

2.2K 310 5
                                    


ကလေးလေး၏ နိမ့်ပါးသော ငိုကြွေးသံက အတွေးထဲရောက်နေသော ရှီချန်းယု ကို သူ၏ အာရုံများဆီသို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ ကုတင်ပေါ်သို့ အမြန်ပြေးကာ ကုတင်ပေါ်ရှိ ကလေးအား ကြည့်လိုက်သည်။ ဒီပေါက်စီလေး သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကျယ်လောင်စွာ ငိုကြွေးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ပေါက်စီလေး ဟာ အရင်က ငိုတဲ့အခါတိုင်း သူ့ပါးစပ်ကို ဖွင့်ပေမယ့် အသံမထွက်ဘူး။ ဒါကြောင့် ရှီချန်းယုက ဒီကလေးက စကားမပြောတက်ဖူးလို့ ထင်မှတ်လုနီးပါး ဖြစ်စေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် သူသည် ပေါက်စီလေး၏လည်ချောင်းက ဘာမျှမမှားကြောင်း သိလိုက်ရသည်။

အရင်က ပစ္စည်းတွေ စုဆောင်းတဲ့အခါ ကလေးနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ မစုဆောင်းခဲ့မိဘူး။ လွန်ခဲ့သည့် နှစ်ရက်လုံးလုံး ပေါက်စီလေးအတွက် Plane Mall တွင်ရဗိသမျှကို အမှတ်များနှင့်အတူ ဝယ်ခဲ့သည်။ ယခင်က စုစုပေါင်း ရမှတ် 30,000 ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သိုလှောင်မှု နေရာကို မြင့်ရန် 27,888 မှတ်ကို အသုံးပြုခဲ့ပြီး အခု Plane Mall စနစ်တွင် အမှတ် 2,112 ရရှိနေလေသည်။

ရှီချန်းယုသည် ကလေးနို့ဗူး နိုင်ငခြားမှ တင်သွင်းလာသော ကလေးနို့မှုန့်ဗူး နှစ်ဗူး၊ ကလေးများအတွက် ချည်သားအဝတ်အထည် နှစ်စုံနှင့် အနှီးငါးထုပ်ကို ဝယ်ယူခဲ့သည်။ ထိုအရာများသည် စုစုပေါင်း အမှတ် 230 ကုန်ကျခဲ့သည်။

ဒါပေမယ့် နူးညံ့သိမ်မွေ့သော ကလေးနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် ဂရုစိုက်တတ်တဲ့လူမဟုတ်တာကြောင့်  ခေါင်းကိုက်လာတတ်သည်။

ရှီချန်းယု က နို့ဗူးကို အာကာသထဲက ထုတ်ယူလိုက်ပြီး ဗူးထဲက နို့ကို အရင်က သူပြင်ဆင်ထားခဲ့တယ်။ သိုလှောင်သည့်နေရာနှာက အချိန်ဆိုတာ မရှိတာကြောင့် ဗူးကို ထုတ်လိုက်သောအခါ ပူနေသေးသည်။

ကလေးကို ကိုးရိုးကားရား ကျွေးမွေးနေစဉ်တွင် ရှီချန်းယု သည် အနာဂတ်တွင် ငွေရှာရန် ကြိုးစားရမည်ဟု တွေးခဲ့သည်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ပိုက်ဆံရှိမှ ကျွန်တစ်ယောက်ကို ဝယ်နိုင်သလို သားငယ်ကိုလည်း ထိန်းပေးနိုင်တဲ့ အစေခံတစ်ယောက် ရရှိလိမ့်မယ်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now