19☁

1.6K 249 7
                                    

Part- 19

မူလင်းထန်သည် ခြံဝင်းထဲမှ ပထမဆုံးထွက်လာသောအခါတွင် အန်တီယန်က သူ့ကို အဝေးမှ မြင်လိုက်ရသည်။ ဒဏ်ရာရနေသော ယန်ကျင်းချန် ကို ရှေ့သို့ ဆွဲထုတ်နေစဉ် သူမသည် ပြေးရန် အချက်ပြဖို့ မူလင်းထန်ကို စိတ်လှုပ်ရှားစွာ လက်ပြလိုက်သည်။

မူလင်းထန် က မျက်စိကန်းပြီး မမြင်နိုင်တဲ့အတွက် စိတ်မကောင်းစရာပါပဲ.. ပြီးတော့ အန် တီယန်ရဲ့ ရည်ရွယ်ချက်အတိုင်း မပြေးဘဲ သူတို့ဆီ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တယ်။

ထိုအချိန်တွင် ရှီချန်းယု လည်းထွက်လာသည်။ အန်တီယန်နှင့် ယန်ကျင်းချန်တို့အမေနှင့်သားကိုမြင်သောအခါ သူချက်ချင်း မူလင်းထန် နှင့် သူတို့ ဆီသို့ လျှောက်သွားခဲ့သည်။

ဒါကိုမြင်တော့ အန်တီယန်က အရမ်းစိတ်တွေထင့်ပြီး ထိတ်လန့်တကြား အနောက်ကို အမြန်ကြည့်လိုက်တယ်။ သူ့နောက်ကလူတွေက သူမနောက်ကို လိုက်လာနေကြတာကိုမြင်တော့ သူမဟာ မူလင်းထန် ဆီကို အလျင်အမြန်အော် လိုက်တယ်

"ပြေး! ကလေးနဲ့အတူ ပြေးလိုက်၊ တောင်နက်နက်ထဲကို ပြေးသွား... ဟင့်အင်း..မလာ.."

အန်တီယန် စကားမဆုံးခင်မှာ ဓားကြီးတစ်လက်က လေထဲကပျံလာပြီး အန်တီယန်ရဲ့ ပုခုံးကို ထိသွားတယ်။ အဒေါ် ယန် ၏ အော်သံများ ချက်ချင်းထွက်ပေါ်လာပြီး ယန်ကျင်းချန် ၏ မျက်နှာတစ်ခုလုံး မဲသွားကာ နောက်မှလှည့်ကာ ထိုလူများ ဆီသို့ ပြေးသွားလေသည်။

"ဟေ့ကောင် ငါမင်းနဲ့ တိုက်မယ်!!"

ရှီချန်းယု သည် ဤရုတ်တရက်မြင်ကွင်းကြောင့် အံ့အားသင့်သွားကာ လက်ထဲဲရှိ လေးနှင့်မြှားကို အလျင်အမြန် မြှောက်လိုက်ပြီး နောက်မှ လူအနည်းငယ် ကို ချိန်ရွယ်လိုက်သည်။ အရင်က သူမှန်းဆထားတဲ့အတိုင်း ဖြစ်ပုံရပြီး သူတို့ရဲ့ ရွာငယ်လေးကိုလည်း ဓားပြတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။

ရှီချန်းယု သည် အလွန်ပင် ပဟေဋိဖြစ်နေသော်လည်း ၎င်းတို့ကဲ့သို့ ဆင်းရဲ သောရွာတွင် ဓားပြများ အဘယ်ကြောင့်ရှိနေကြသနည်း၊ သို့သော် လက်ရှိ အခြေအနေသည် ပို၍အရေးတကြီးဖြစ်နေသောကြောင့် ဒါကို စဉ်းစားရန် အချိန်များစွာမရှိပေ။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Where stories live. Discover now