8☁

1.8K 243 3
                                    

ရှီချန်းယု သည် လေတိုက်ခြင်းဟုတ် မဟုတ် ဘာလဲ သေချာမသိသဖြင့် နားကိုစွင့်ကာ ဂရုတစိုက် နားထောင်လိုက်သည် ။ သူ၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးခါနီးအထိ စောင့်ဆိုင်းရင်း ထူးဆန်းသော အော်ဟစ်သံကို ထပ်မံ ကြားလိုက်ရသည်။ ထိုအသံသည် ဝံပုလွေအူသံကဲ့သို့ ဖြစ်ပြီး ဤခန့်မှန်းချက် ကြောင့် သူ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။

တကယ်တော့ လွန်ခဲ့သည့်ရက်အနည်းငယ်က ရှီချန်းယု သည် ဤအသံကို ယောင်ဝါးဝါးကြားလိုက်ရသည်။ သို့သော် ထိုအချိန်တွင် အပြင်ဘက်မှ လေနှင့် ဆီးနှင်းသံသည် အလွန်ကျယ်လောင်ပြီး သူတို့နှင့် ဝေးကွာသွားသောကြောင့်  ရှီချန်းယုက ဒါကို သိပ်ဂရုမစိုက်ပေ။

မြို့ကြီးပြတစ်ခုတွင်နေထိုင်သော ရှီချန်းယု အတွက်၊ ထိုကဲ့သို့သော သားရဲကြီးတွေကို တိရစ္ဆာန်ရုံတွင်သာ မြင်ဖူးသည်။ ထို့အပြင် တိရစ္ဆာန်ရုံရှိ တောရိုင်းတိရိစ္ဆာန်အများစုက ယဉ်ပါးသည်။ တိရစ္ဆာန်များစွာက လူကိုမတိုက်ခိုက်ရုံ သာမက သိမ်မွေ့သောသဘောလည်းရှိသည်။

ထို့ကြောင့် ရှီချန်းယု ၏ အရိုးများတွင် ဤအန္တရာယ်ရှိသော တိရစ္ဆာန် အကြောင်း သူ မသိခဲ့ပေ။ သို့သော် ရှန်းချန်ယုသည် အန္တရာယ် နီးကပ်လာသည်ကို သိလိုက်သိနှင့် အော်ဟစ်လုနီးပါးဖြစ်ခဲ့ရသည်။

ထိုအသံသည် အလွန်ရှင်းလင်းသောကြောင့် ရှီချန်းယု မှန်ကန်စွာကြားခဲ့ရတာကြောင့် ထိုအသံ ပိုင်ရှင်သည် သူတို့အိမ်အနီးတွင်ရှိနေသည်မှာ သေချာလေသည်။

ရှီချန်းယု သည် မြေပြင်ပေါ်ရှိ လေးနှင့်မြားကို ဂရုတစိုက် ကောက်ယူပြီးနောက် တံခါးဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။ သူသည် တံခါးများနှင့် ပြတင်းပေါက်များကို သေသေချာချာ စစ်ဆေးကြည့်ချင်ပြီး တံခါးနှင့် ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်ထားပြီးနောက်တွင် သူ၏ တွဲလောင်းကျနေသော နှလုံးသည် အနည်းငယ် ပြေလျော့သွားသည်။

ရှီချန်းယု တံခါးမှပြန်လျှောက်လာစဉ်တွင် တိရိစ္ဆာန်သေးသေးလေး၏ တံခါးဘောင်မှတဆင့် နားစည်အတွင်းသို့ အော်ဟစ်ငိုယိုသံသည် ချောင်းကဲ့သို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ကူးပြောင်းလာပြီးနောက်အင်ပါယာစာမေးပွဲ​ဖြေဖို့ပြင်ဆင်နေတဲ့  Gong (Mm tran)Tempat cerita menjadi hidup. Temukan sekarang