Ch-33

503 59 0
                                    

Paid gpမှာအပိုင်း၁၀၀အထိပြီးသွားပြီနော်။

Ch-33  သွေးသောက်ညီအစ်မလုပ်ကြစို့

  မိမိမှာအဘွားမုန့်သည်မိမိဘက်တွင်မရှိတော့သလို ခံစားလိုက်ရသည်။

  မျှော်လင့်ထားသည့်အတိုင်းပင် တစ်သောင်းသုံးဖြစ်အောင်လုပ်လိုက်ရသည့်အတွက် နှစ်ဦးသားမှာတီဗီတူတူကြည့်နေကြပြီး မိမိထံအကြည့်လေးတစ်ချက်ဖြင့်ပင် လာမနှောင့်ယှက်ကြတော့ပေ။

  မိမိ၏ဒေါသအားပြသရန် မီးဖိုချောင်ဆီမသွားခင် ရည်ရွယ်ချက်ရှိရှိဖြင့်တီဗီရှေ့ပိတ်ရပ်လိုက်သည်။မိမိသည်သူ့အားကြည့်ပြီး ပလက်စတစ်အိတ်များအား လွှဲရမ်းကာ

  "ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်။ဘာလို့လဲဆိုတော့ရှင်ကဘော့စ်ပဲလေ..."

  "မင်း!"

  စုယန်သည်မိမိ၏အမူအယာကြောင့်စိတ်တိုသွားပြီး စားပွဲပေါ်ရှိပေါက်ပေါက်ဆုပ်ဖြင့်မိမိအားပစ်လိုက်သည်။မိမိလည်းထိုပေါက်ပေါက်ဆုပ်အား ပါးစပ်ဖြင့်ဖမ်းကာစားလိုက်သည်။

  "ရှင်ဒေါသအထွက်လွန်ပြီးသေသွားဖို့မျှော်လင့်ပါတယ်"

  မိမိသည်ခေါင်းယမ်းကာ သူ့ထံလျှာထုတ်ပြရင်းမျက်နှာပြောင်ပြလိုက်သည်။ထို့နောက်မိမိသည်မီးဖိုချောင်ထံခုန်ပေါက်သွားတော့သည်။

  စုယန်စုတ်!မိမိသည်ဟင်းရွက်များဆေးရင်းသူ့ကိုကျိန်ဆဲနေမိသည်။စုယန်သာစဉ်းတီတုံးထက်မှမုန်လာဥဖြစ်ပါလျှင် မိမိမှာပိုမိုချောမွေ့စွာလှီးဖြတ်နိုင်မည်မည်မှာအသေအချာပင်။

  မီးဖိုချောင်အပြင်ဘက်ရှိ စုယန်နှင့်အဘွားမုန့်တို့၏ ရယ်မောနေသံများမှာ မိမိနားထဲတိုးဝင်လာနေသည်။မိမိသည်မီးဖိုချောင်၌တစ်ယောက်တည်းအလုပ်လုပ်နေရသည့် အနိုင်ကျင့်ခံနေရသော အိမ်ထောင်သည်မိန်းမငယ်လေးတစ်ယောက်လို ခံစားနေရသည်။

  ဝက်နံရိုးချိုချဉ်ကြော်၊အသားနှင့်ခရမ်းသီးအစာသွပ်၊ကြက်ကုန်းဘောင်၊ငရုတ်ဆီတို့ဟူးမွှေကြော်နှင့်ပြောင်းဖူးစွပ်ပြုတ်ပန်းကန်လုံးကြီးတစ်ခွက်ပင်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now