Ch-94

197 19 0
                                    

Ch-94  မိမိ၏စိတ်ကူးထားတဲ့ပုံစံ

  စုယန်တွင်ကောင်မလေးရှိသည်ကို ဖော်ထုတ်ပြီးနောက် မိတ်ကပ်ဆရာမငယ်လေးသည် ဘာမှထပ်မပြောတော့ပေ။သူမသည်စုယန်၏မိတ်ကပ်ကို ဝမ်းပန်းတနည်းဆက်လိမ်းနေခဲ့သည်။

  သူတို့စကားမပြောကြတော့သောကြောင့် မိမိသည်အာရုံစိုက်မှုအားလုံးကို ဇာတ်ညွှန်းဆီ‌ေနရာချလိုက်သည်။မေးခွန်းပေါင်းများစွာရှိနေသည်။ဒါရိုက်တာသည် စုယန်အားကြိုကြည့်ထားစေချင်ခဲ့ပြီး ထိုမှသာ သူသည်ဘာကိုတွေးထားရမည်ကိုသိပါလိမ့်မည်။

  "ဘော့စ် ဇာတ်ညွှန်းပေါ်မှာမေးခွန်းတွေအများကြီးပဲ။ရှင်အခုအဲ့ဒါကိုကြည့်ထားချင်လား"

  မိမိတို့အပြင်ရောက်နေသောကြောင့် မိမိမှာစုယန်အားဘော့စ်အဖြစ်အသိအမှတ်ပြုထားသည်။

  "ငါအခုငါ့မျက်လုံးတွေကိုဖွင့်လို့မရသေးဘူး။အဲ့ဒါတွေကိုမင်းဖတ်ပြလေ"

  "စာပေမီဒီယာကရှင့်ကိုတစ်နှစ်တာရဲ့အထူးချွန်ဆုံးစုံထောက်ဝတ္တုစာရေးဆရာအဖြစ် ရွေးချယ်ခဲ့ကြတယ်။အဲ့ဒါနဲ့ပက်သတ်ပြီးရှင်ဘယ်လိုခံစားရပါသလဲ"

  ဤမေးခွန်းအားမေးထုတ်ပြီးသည်နှင့် မိမိသည်ခေါင်းကုတ်ကာကိုယ့်ဘာသာရေရွတ်လိုက်သည်။

  "သူတို့ကရှင့်ကို ဘယ်အချိန်ကရွေးချယ်လိုက်ကြတာလဲ။ကျွန်မကဘယ်လိုဖြစ်လို့အဲ့ဒါကို သတိမထားမိလိုက်တာလဲ"

  "မင်းကငါ့ရဲ့အရေးအသားနဲ့ဖန်တီးမှုအ‌ေကြာင်းတွေကို တစ်ကယ်ကြီးဂရုစိုက်ဖူးလို့လား"

  စုယန်မှာတည်ငြိမ်စွာပြန်ဖြေခဲ့သည်။

  "ပရိုဂရမ်ပြီးသွားရင် ငါမင်းရဲ့အင်တာနက်အဓိကစာမျက်နှာကို ငါ့ရဲ့ဖန်ကလပ်ဆိုက်ဆီပြောင်းပေးမယ်။ငါကမင်းရဲ့ဘော့စ်ပါ။ငါဘာလုပ်တယ်ဆိုတာလေးကိုတော့ မင်းပိုပြီးဂရုစိုက်ပေးထားလို့ရမလား။ငါကမင်းကိုလစာပေးထားရတာလေ...."

  မိမိသည်ကိုယ့်အပေါ်ကိုယ်ချက်ချင်းဆင်ခြင်သုံးသပ်လိုက်သည်။မိမိသည်အမြဲတမ်းအားကိုးမရဆုံးလက်ထောက်တစ်ဦးဖြစ်နိုင်ပေသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now