Ch-100

177 15 0
                                    

Ch-100  ဖမ်းမိခါနီးလေးပဲ

  ဝမ်ယုဖန်သည်ညာလက်အားဖြည်းဖြည်းလေးမြှောက်ပြလာသည်။

  အိုး....သူကနှေးကွေးနေတုန်းပဲ။အနည်းဆုံးတော့ ငါအခုသူ့ကိုနားလည်နိုင်ပြီလေ။ငါကအရမ်းဉာဏ်ကောင်းတာပဲ။

  "ငါစဉ်းစားပါရစေဦး....နင်ကကောင်းကျားလန်ဘေးမှာတစ်သက်လုံးနေဖို့စီစဉ်ထားတာလား"

  ဘယ်လက်။

  "နင်ကသူမ‌နဲ့တစ်သက်လုံးနေဖို့အစီအစဉ်မရှိဘူးပေါ့။အဲ့ဒါဆိုသူကလေးမွေးတဲ့အထိလား"

  ဘယ်လက်။

  ဘာလဲဟ။ငါထင်တာတွေကမှားနေတာလား။

  "အမ်....နင့်ရဲ့ကားအက်စီးဒန့်ကမတော်တဆလား"

  ဝမ်ယုဖန်မှာတုံ့ဆိုင်းနေပုံရသည်။သူသည်သူ့လက်နှစ်ဖက်လုံးအားစိုက်ကြည့်ကာ မဆုံးဖြတ်နိုင်တော့ပေ။

  "ထားလိုက်တော့။ငါမသိတာကပိုကောင်းတယ်။ငါသိသွားခဲ့ရင်တောင် အဲ့အကြောင်းနဲ့ပက်သတ်ပြီးငါလုပ်နိုင်တာဘာမှမရှိဘူး။ငါထပ်မေးတော့မှာမဟုတ်ဘူးနော်။ငါ့ကိုမပြောနဲ့တော့"

  မိမိသည်မျက်လုံးများအားမှိတ်လိုက်သည်။အတန်ကြာတန့်နေပြီးနောက် မိမိသည်ယုဖန်အားခိုးကြည့်လိုက်သည်။မိမိမှာယုဖန်မှမတုံ့ပြန်သည်မှာသေချာသည်အထိ မျက်လုံးများအားအကုန်မဖွင့်ခဲ့ပေ။

  "အိုင်းယား"

  မိမိမှာအကျယ်ကြီးသက်ပြင်းချလိုက်သည်။

  "ငါတော့နင်နဲ့ကောင်းကျားလန်က အချစ်ဝတ္တုတွေထဲကစုံတွဲတွေလိုမျိုးပဲလို့ ခံစားရတယ်။နင်သိလား။ချမ်းသာတဲ့သခင်ငယ်လေးကဆင်းရဲတဲ့စင်ဒရဲလားကိုချစ်မိသွားတဲ့ပုံစံလေ။နင်တို့တွေကအဆုံးမှာလက်တွဲနိုင်ဖို့ အခက်အခဲတွေအများကြီးကျော်ဖြတ်ခဲ့ရမှာပဲနော် ဟုတ်တယ်မလား။သနားစရာကောင်းလိုက်တာ။အခုကျနင်တို့က ယင်နဲ့ယန်လိုကွဲသွားကြပြီ..."

  မိမိသည်ထိုစကားများချော်ထွက်သွားချိန်တွင် နောင်တရသွားမိသည်။

   စကားပုံကပြောသလိုပေါ့ မင်းအများကြီးပြောလေလေ မင်းအမှား‌ေတွလုပ်မိလေလေတဲ့။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now