Ch-119

182 15 0
                                    

ကြိုပြောချင်တာကလေ နာမည်လေးတွေမှာအမှားအယွင်းလေးတွေရှိခဲ့ရင် နားလည်ပေးကြပါလို့။

Ch-119 Asakusa(အာစကုစ)ဘုရားကျောင်း

ထိုသည်ကအလွန်ထူးဆန်းသောအထိအတွေ့ဖြစ်သည်။မိမိမှာအနည်းငယ်ရှောင်တိမ်းလိုက်သည်။ထို့နောက်မိမိသည်သူမလက်အားဆက်ရွေ့နေသည်မှရပ်ရန် အခွင့်အရေးတစ်ခုကိုဆုပ်ကိုင်လိုက်သည်။မိမိမျက်လုံးများမှာဘယ်နေရာဆီကြည့်ရမည်ကိုပင်မသိတော့ပေ။မိမိတို့နှစ်ဦးလုံးမှာအမျိုးသမီးများဖြစ်ကြပေမယ့် အဲ့ဒါကဘာလို့ထူးဆန်းနေတယ်လို့ခံစားနေရတာပါလိမ့်။

"နင့်ခန္ဓာကိုယ်ကအရမ်းမိုက်တာပဲ"

မိမိကပြောလိုက်သည်။

မိမိကသိကအောက်ဖြစ်နေသည်ကို အန်နာမှသတိပြုမိလိုက်ပုံပင် သူမမျက်လုံးများမှာမှိန်ဖျော့သွားပြီး မိမိလက်အားလွှတ်ပေးလိုက်သည်။

"အိုး ဟုတ်လား"

"အင်း..."

မိမိကတုံ့ပြန်လိုက်ရင်း ရှန်ရှောက်နျူ၏နဂိုနေရာဆီရွေ့လိုက်သည်။ထို့နောက် မိမိမှာသူမကနံရံမှတစ်ဆင့်သူမဘာသာဖောက်ဝင်ဖို့လက်တွေ့ကျကျကြိုးပမ်းနေသည်ကို သတိပြုမိလိုက်သည်။

ဒီမှာကသူစိမ်းတစ်ယောက်ရှိနေတယ်လေ။သူမကမျက်နှာဘယ်လောက်များများပျက်ဖို့စီစဉ်ထားတာလဲဟ။

"နင်တော်သင့်နေပြီ။နင်ဘယ်လောက်ထိမှီနေနေ နင်ဘာမှ‌မြင်နိုင်မှာမဟုတ်ဘူး"

မိမိကအော်လိုက်သည်။

"ဘယ်သူကပြောလဲ။ဘုရားရှင်ကငါ့ကိုဆန်းကြယ်မှုတစ်ခုပို့လာရင်ဘယ်လိုလုပ်မလဲ။နံရံကပြိုကျသွားတာတို့ ဘာတို့တစ်ခုခုဖြစ်နိုင်တယ်လေ...."

ရှန်ရှောက်နျူကအရေပါးပါး(အရှက်မရှိတာကိုပြောတာ)ဖြင့်ပြုံးပြလာသည်။

"‌ဘုရားရှင်ကအရမ်းရယ်စရာကောင်းတဲ့အရာတစ်ခုပေါ်ဆန်းကြယ်မှုကိုဖြုန်းတီးပစ်မှာမဟုတ်ဘူး။အရှုံးသာပေးလိုက်တော့"

"ငါငြင်းတယ်။ဒါကစုယန်ကောကောရဲ့ကိုယ်လုံးတီးကိုမြင်ရမယ့်အခွင့်အရေးကြီးတစ်ခုလေ။သူ့ရဲ့ဖြူဖွေးတဲ့အသားအရေနဲ့သန်မာတဲ့ကြွက်သားတွေကို ငါစိတ်ကူးကြည့်လိုက်ချိန်ဆိုလေ....."

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now