Ch-141

117 10 0
                                    

Ch-141  နောက်ဆက်တွဲ

  "ငါတို့နင့်ကိုအကြာကြီးစောင့်နေခဲ့ရတာ။အခုလူတိုင်းဒီရောက်နေပြီ။သွားကြစို့"

  တစ်ယောက်ယောက်ကစောဒကတက်လာသည်။

  အခြေအနေပေါ်မူတည်ရသော် ထိုလူဆိုးကောင်ကမိမိအားလိမ်ခဲ့သည်မှာသေချာပေသည်။ငါကငါ့‌ဦးနှောက်ကိုသုံးခဲ့သင့်တာ။ကော်ပိုရေးရှင်းကြီးတစ်ခုက သူတို့ရဲ့အလုပ်သင်တွေအတွက် ကြိုဆိုပွဲကို ဘာလို့ကျင်းပ‌ေပးကြမှာလဲ။လင်းယိရှင်း!နင့်ဦးနှောက်ကိုသုံးစမ်း။

  "နင်ကဘာလို့ဒီလိုဝတ်လာတာလဲ"

  မိမိမှမည်မျှကောင်းကောင်းမွန်မွန်ဝတ်စားထားသည်ကိုမြင်သော် မိန်းကလေးများထဲမှတစ်ဦးက တိတ်တိတ်လေးမေးလာသည်။

  "အာ ငါထင်တာ ဒီနေ့ကကြိုဆိုပွဲလို့လေ..."

  မိမိသည်ဆံပင်အားထိကာ ကသိကအောက်ဖြစ်စွာပြုံးလိုက်သည်။ကံကောင်းထောက်မစွာပင် မိမိသည်အနက်ရောင်ဝတ်စုံကိုသာဝယ်ခဲ့လေသည်။ထိုသည်မှာ တအားကြီးတော့ထင်းထွက်မနေခဲ့ပေ။

  "ကုမ္ပဏီပါတီကနောက်အပတ်မှလေ။ဒီနေ့က ငါတို့တွေအလုပ်သင်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်သိရအောင်အပြင်ထွက်လည်ကြရုံပဲ"

  မိန်းကလေးကမိမိအားကြင်နာစွာပြောပြလာသည်။

  "ဒါဆိုငါတို့တွေဘယ်သွားကြမှာလဲ"

  "ငါတို့ကဘာဘီကျူးဆိုင်ကိုသွားကြမှာလေ။လတ်တလောကမှ ဒီနားမှာတအားအရသာ‌ရှိတဲ့ဘာဘီကျူးဆိုင်တစ်ဆိုင်ရှိလာတာလေ"

  ဘာဘီကျူးဆိုင်?ငါကဘာဘီကျူးဆိုင်အတွက် တအားကောင်းမွန်လျောက်ပတ်အောင်ဝတ်လာရတယ်ပေါ့လေ.....

  မိမိမှာကောင်းဇီကျွင်းအား အေးစက်စက်ကြည့်လိုက်သည်။သူသည်လှည့်လာပြီး မိမိနှင့်အကြည့်ချင်းဆုံလာသည်။သူ့တွင် *မင်းအဲ့ဒါကိုသည်းမခံနိုင်ရင် ငါနဲ့လာတိုက်လှည့်* ဆိုသည့်မျက်နှာထားရှိနေသည်။မိမိ၏ဒေါသလယ်ဗယ်မှာ သိသိသာသာတိုးလာသည်။

  စုယန်မှန်တယ်။ငါ့မှာ ဘယ်တော့မှပျောက်မသွားမယ့် ဒေါသကြီးတဲ့ကိုယ်ရည်ကိုယ်သွေးရှိနေတာပဲ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now