Ch-152

142 14 1
                                    

Ch-152  အရှက်မဲ့တဲ့စုယန်

  "ရှင်ကဘာလို့ကျွန်မစောင်ကိုဆွဲနေတာလဲ"

  မိမိမှာအော်လိုက်ပေမယ့်စောင်အောက်တွင်ပုန်းနေဆဲပင်။

  "ကိုယ်နည်းနည်းအေးနေလို့ ကိုယ်နဲ့မျှပါဦး"

  "ရှင်အေးနေရင်လည်း အခန်းဆီပြန်တော့လေ"

  "ကိုယ်ကတီဗီကြည့်ချင်လို့ပါ။အရမ်းကပ်တွက်နေတာရပ်လိုက်တော့။ကိုယ့်ကိုလည်းသုံးခွင့်ပေး"

  မိမိမှာစုယန်၏အစီအစဉ်အားဖြတ်မြင်နေရသည်။ငါကဘာလို့သူ့လမ်းအတိုင်းသွားရမှာလဲ။

  "ဒါဆိုလည်းရှင့်အဝတ်တွေကိုဝတ်လိုက်လေ"

  "ဟမ်။ကိုယ်အဝတ် ဝတ်မထားတာကိုမင်းဘယ်လိုသိတာလဲ။ဒီတစ်ချိန်လုံးမင်းကိုယ့်ကိုချောင်းကြည့်နေတာလား"

  စုယန်ကစနောက်လိုက်သည်။သူသည်အနိုင်ရနေသလိုပြသဖို့ကြိုးစားနေသည်။
 
  မိမိသည်မှန်ကန်ကြောင်းသက်သေပြလိုက်သည်။

  "ဘယ်သူကရှင့်ကိုချောင်းကြည့်လို့လဲ။ရှင်သာလူတွေကိုစိုက်မကြည့်စေချင်ရင်လည်း ဆိုက်ကိုတစ်ယောက်လိုလုပ်နေတာရပ်လိုက်တော့။အဝတ်ဝတ်ထားလိုက်။ဧည့်ခန်းကအများပိုင်နေရာပဲလေ"

  "ဒါပေမယ့်ဒါကကိုယ့်တိုက်ခန်းလေ"

  စုယန်သည်ရဲရဲဝံ့ဝံ့ကြေညာလိုက်သည်။

  "မင်းကိုမကြည့်ဖို့ကိုယ်အကြံပြုချင်တယ်။ဒါပေမယ့်မင်းကကြည့်ချင်နေပါတယ်ဆိုရင်လည်း ဆက်ကြည့်လေ"

  မိမိမှာဆွံ့အသွားသည်။သူကအရင်၃နှစ်ကထက်ဘယ်လိုတောင်ပိုပြီးအရှက်မဲ့လာရတာလဲဟ။

  "ကြည့်မယ်မကြည့်ဘူးကို မင်းဘာသာဆုံးဖြတ်နိုင်တယ်။ကိုယ်ကတော့ဒီမှာပဲထိုင်ပြီးတီဗီကြည့်နေမှာပဲ။ထွက်မသွားဘူး"

  မဖြစ်ဘူး။ဒီလိုသာဆို စောင်အောက်မှာအကြာကြီးနေ နေတာကနေငါအသက်ရှူကြပ်လာတော့မယ်။မိမိသည်စုယန်အားမမြင်ရဘဲလေတစ်ချို့ရှူသာရုံသာ စောင်အားမလိုက်သည်။

  သို့သော်မိမိမှစောင်အားမလိုက်ချိန်တွင် စုယန်သည်သတိပေးချက်မရှိရောက်လာကာ မိမိနယ်မြေထဲစတင်ကျူးကျော်တော့သည်။သူသည်ကိုယ်လုံးတီးဖြင့်ရှေ့လျှောက်လိုက်နောက်လျှောက်လိုက်လုပ်နေသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now