Ch-122 ကြက်ကြော်
မိမိမှာအေးခဲသွားပြီး အထက်အောက်စစ်ဆေးရန်ရပ်လိုက်သည်။သို့သော်မိမိမှလွဲ၍ အခြားမည်သူမှရှိမနေပေ။အလုံးစုံေသာလှေကားထစ်များမှာ ဗလာဖြစ်နေသည်။လေထုမှာကြောက်စရာကောင်းနေသည်။
သရဲတစ်ကောင်များဖြစ်နေမလား။ဒါပေမယ့်သရဲတွေကစကားမပြောနိုင်ဘူးလေ။
မိမိမှစကားမပြောသည်မှာအတော်ကြာသွား၍ဖြစ်မည် လှေကားမှမီးများမှာရုတ်ချည်းပိတ်သွားပြီး မိမိအားလိပ်ပြာလွင့်မတက်ကြောက်လန့်သွားစေသည်။
"အား!!"
မိမိမှာအော်လိုက်မိသည်။မီးများကပြန်ပွင့်လာသည်။သို့သော်ထိုသည်ကကျိန်းသေပေါက်ကို ယခင်ကထက်အများကြီးမှိန်ဖျော့နေခဲ့သည်။စိတ်ထဲတွင်တော့ မိမိမှာမိမိေနာက်မှတစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကတစ်ကယ်ကြီးလိုက်လာမည်ကိုစိုးရိမ်နေသောကြောင့် ကြောက်လန့်နေမိသည်။
ငါပဲထင်ယောင်ထင်မှားဖြစ်နေတာလား။အသံကထပ်ပြီးထွက်မလာတော့ဘူးပဲ။မိမိစိတ်နှလုံးမှာငြိမ်သက်သွားပြီး ကိုယ့်ဘာသာတွေးလိုက်သည်။
ငါပထမထပ်ဆီရောက်ဖို့ပဲလိုတယ်။ပထမထပ်ဆီငါရောက်တာနဲ့အဆင်ပြေသွားလိမ့်မယ်။
ထို့ကြောင့်မိမိသည် မိမိ၏တာဝန်အပေါ်ထပ်အာရုံစိုက်လိုက်သည်။မိမိမှာဆင်းသက်ရာမှ(လက်ရန်းပေါ်လျှောမဆင်းတော့ဘဲအောက်ဆင်းတာကိုေပြာတာ)သုံးထစ်လောက်ဆင်းပြီးစဉ် တစ်ယောက်ယောက်ကမိမိကိုနောက်မှနေတွန်းချလိုက်သလိုပင်။မိမိမှာလှေကားများမှပြုတ်ကျကာ ကြမ်းပြင်ပေါ်နာနာကျင်ကျင်ကျသွားတော့သည်။
"အား!"
မိမိမှာဝေါ်ကီတော်ကီတွင်းသို့အော်လိုက်ပြီးသည်နှင့် တိုက်ရိုက်လှေကားများမှပြုတ်ကျသွားခဲ့သည်။မိမိ၏နာနာကျင်ကျင်ငိုသံမှာ မိမိပတ်လည်တွင်ပဲ့တင်သွားတော့သည်။ထိုသည်မှာအလွန်တုန်လှုပ်ခြောက်ခြားစရာပင်။
"သောက်ပဲဟေ့.."
မိမိမှာဒဏ်ရာအားစစ်ဆေးကြည့်လိုက်သည်။မိမိ၏လက်ကောက်ဝတ်မှတဆစ်ဆစ်နာကျင်မှုဖြစ်နေသည်။မိမိမှာအကြောလွဲသွားသည်ဖြစ်ရပေမည်။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...