Ch-153 ပျော်ရွှင်ဖွယ်ဇာတ်သိမ်း
ဤတစ်ကြိမ်တွင်တော့ မိမိမှာအမှန်ကြောင်အမ်းသွားတော့သည်။မိမိသည်စုယန်အားကြည့်လိုက်သည်။
"ရှင်ကဘာလို့လိုက်မှာလဲ"
"မင်းကဘာလို့တအားတုံ့ပြန်နေရတာလဲ။ကိုယ်ကဘယ်လိုဖြစ်ဖြစ်အလုပ်ထုတ်ခံထားရတာလေ။မြို့တော်အေမှာကိုယ်လုပ်စရာဘာမှမရှိတော့ဘူး။ကိုယ်ကဘာလို့မင်းရဲ့မြို့ကိုလိုက်ပြီး မင်းနေတဲ့နေရာကိုမကြည့်ရမှာလဲ။မင်းသာကိုယ့်ကိုမသိစေချင်တဲ့လျှို့ဝှက်ချက်အကြောင်းအရာအချို့ရှိမနေရင်ပေါ့လေ"
"တော်တော့ တော်တော့ တော်တော့။ရှင်ကခေါင်းထဲတင်ဇာတ်လမ်းတွေရိုက်နေတာပဲ။ကျွန်မကအံ့အားသင့်သွားရုံတင်။အဲ့တော့ စာရေးဆရာတစ်ယောက်ထပ်လုပ်ဖို့တွေးနေတာလား"
"ကိုယ်သာမှီငြမ်းစရာရှာချင်ရင် မင်းရဲ့မြို့ဆီသွားတာက အကောင်းဆုံးနည်းလမ်းပဲ။မင်းနေရာသာပြောင်းသွားရင် မင်းရဲ့ခံစားချက်ကလည်းသဘာဝကျကျပြောင်းသွားမှာလေ။ဘာဖြစ်ဖြစ် ကိုယ့်အတွက်ပါလက်မှတ်ဖြတ်ပေး"
"ရှင်ကအရမ်းခေါင်းမာတာပဲ..."
မိမိမှာဒေါသတကြီးပြောလိုက်သည်။မည်သို့ပင်ဆိုစေကာမူ မိမိသည်ေလယာဥ်ေပါ်စုယန်ပါထည့်ပေါင်းလိုက်သည်။
- - - - - -
ဤသို့ဖြင့် ဧပရယ်လ၏ေနေရာင်တောက်ပသောနေ့တစ်နေ့တွင် စုယန်နှင့်မိမိသည်မြို့တော်ဘီဆီေလယာဥ်အတူစီးခဲ့ကြသည်။လေယာဉ်ဆင်းချိန်တွင် မိမိမှာရှလင်း၏ဖိအားပေးနေသည့်ဖုန်းေခါ်ဆိုမှုကိုလက်ခံလိုက်ရသည်။
"နင်ရောက်ပြီလား။အခုနင်ဘယ်မှာလဲ"
"အမ်း ငါကအခုမှလေယာဉ်ပေါ်ကဆင်းလာတာ"
"ကျိုးကျန်းကိုနင့်ဆီလာကြိုစေချင်လား။သူကအခုလေဆိပ်နားမှာရောက်နေတာ"
"မလိုဘူး အဆင်ပြေတယ်။စုယန်ကငါနဲ့အတူလိုက်လာတာ။ငါတို့တက္ကစီစီးခဲ့လိုက်မယ်။စိတ်ပူမနေနဲ့တော့"
"ဘာရယ်။စုယန်လည်းလိုက်လာတာလား"
ရှလင်းမှာ မိမိ၏နားစည်ကွဲလုမတတ်အကျယ်ကြီးအော်ဟစ်လာသည်။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...