Ch-144

115 14 0
                                    

Ch-144  ကိုယ့်ဆီပြန်လာခဲ့ပါ

  အလုပ်ပြီးသော် မိမိသည်စုယန်၏တိုက်ခန်းဆီချက်ချင်းသွားလိုက်သည်။မိမိမှတ်ဉာဏ်များမှာ မိမိထံတဖြေးဖြေးပြန်ဝင်လာခဲ့သည်။မနေ့ညကမိမိမူးနေစဉ်တွင် စုယန်မှာမိမိအားဤနေရာဆီသယ်လာခဲ့သည်။ဓာတ်လှေကားခလုတ်များအား ဇောက်ထိုးမြင်ခဲ့ရသည်ကို မိမိသတိရလိုက်သည်....အိုး ဘုရားရေ ငါ့ဆီကိုငါ့မှတ်ဉာဏ်တွေဘယ်သူပြန်ပေးနိုင်မလဲ။

  *ဒေါက် ဒေါက် ဒေါက်*

  တံခါးခေါက်လိုက်ပေမယ့် အတွင်းမှတုံ့ပြန်မှုရှိမလာခဲ့ပေ။

  သူအိမ်မှာမရှိဘူးလား။ဒါပေမယ့်ဒီမှာတွေ့ဖို့သူပြောခဲ့တာလေ....မိမိသည်တံခါးမှpasswordခလုတ်အားကြည့်လိုက်သည်။နံပါတ်ကတူနေတုန်းပဲလား။သူသာဒီအတိုင်းထား ထားတာဆိုရင်....

  မိမိမှာအနည်းငယ်ခံစားမိသွားပြီး လွန်ခဲ့သော၃နှစ်မှနံပါတ်ကိုနှိပ်လိုက်သည်။တံခါးမှာ‌ေဂျာက်ကနဲမြည်ကာ ပွင့်လာသည်။

  စုယန်ကpasswordပြောင်းမထားဘူးပဲ။မိမိမှာဟတ်ထိသွားရသည်။မိမိဝင်လိုက်ချိန်တွင် မိမိရှေ့၌အသည်းပုံသဏ္ဍာန်နှင်းဆီပန်းများရှိနေခဲ့သည်။ထပ်ပေါင်းပြောရလျှင် နေရာတိုင်း၌ဖယောင်းတိုင်များထွန်းညှိထားသည်။

  စုယန်သည်ဝတ်စုံပြည့်ဝတ်ကာ သူ့လက်ထဲတွင်နှင်းဆီပန်းစည်းကြီးဖြင့် မိမိရှေ့တည့်တည့်တွင်ရပ်နေခဲ့သည်။

  "ရှင်ဘာတွေ..."

  မိမိမှာကြောင်အသွားခဲ့သည်။မိမိမှာဤကဲ့သို့မြင်ကွင်းမျိုးအား ဘယ်လိုတုံ့ပြန်ရမည်ကိုပင်မသိတော့ပေ။မိမိစကားလုံးများမှာ လည်ချောင်းထဲတွင်တစ်ဆို့နေပြီး အသံထွက်ဖို့ခက်ခဲစေခဲ့သည်။

  စုယန်သည်ပုံပြင်ထဲမှမင်းသားလေးတစ်ပါးလိုလျှောက်လာခဲ့သည်။မိမိမှာ မင်းသမီးလေးတစ်ပါး ဒါမှမဟုတ် စင်ဒရဲလားဟုတ်မနေသည်မှလွဲလို့ပေါ့။

  "လွန်ခဲ့တဲ့၃နှစ်ကမင်းကိုယ့်အတွက်စာတစ်စောင်ထားခဲ့တယ်။စာထဲမှာက ကိုယ်တို့တွေနွေဦးမှာပြန်ဆုံစည်းကြနိုင်တယ်ဆိုပြီး မင်းပြောခဲ့တယ်လေ။ကိုယ်ကပန်းတွေပွင့်တဲ့မတ်လဖြစ်ရမယ်လို့ထင်ခဲ့တာ။အဲ့ဒါက၃နှစ်ကြာပြီးနောက်‌ေနွဦးချိန်ဖြစ်လိမ့်မယ်လို့ထင်မထားခဲ့ဘူး"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now