Ch-137

111 14 0
                                    

Ch-137  သုံးနှစ်ကြာပြီးသော်

  ငါးနာရီကြာလေယာဉ်စီးခဲ့ပြီးနောက် မိမိမှာနောက်ထပ်ပြောင်းစီးရန်ရှိနေသေးဆဲပင်။မိမိသည်အံကြိတ်ကာ မိမိဖုန်းပေါ်ရှိရင်းနှီးနေသောနံပါတ်အားစိုက်ကြည့်၍ ပြတ်ပြတ်သားသားဆက်သွယ်ရန်နှိပ်လိုက်သည်။ဖုန်းကမြည်လာသည်။

  ဖုန်းဝင်သွားသည်နှင့် မိမိမှာပေါက်ကွဲတော့သည်။

  "မစ္စရှလင်းရှင့်။ရှင်လူသားဆန်မှုဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမယ်ဆိုတာကို သိရဲ့လားလို့ကျွန်မမေးချင်တယ်။ကျွန်မကမြို့တော်စီမှာလဝက်လောက်ဖင်မကြွဘဲအလုပ်လုပ်ခဲ့ရတာလေ။အခုနောက်ဆုံးတော့ ကျွန်မအိမ်ပြန်ရတော့မှာကို ရှင်ကဈေးချိုတဲ့သောက်ထိုင်ခုံကိုရွေးခဲ့ပြီး ကျွန်မကိုထပ်ပြောင်းစီးခိုင်းဖို့လုပ်နေတယ်ပေါ့လေ။ရှင်ကဒီလိုပုံမျိုးနဲ့ရှင့်ဘော့စ်ကိုဘယ်လိုလုပ်ပြီးနှိပ်စက်နိုင်ရတာလဲ"

  "အိုင်းယား...ဘော့စ်။ကျွန်မကရှင့်ကိုနှိပ်စက်တယ်လို့ဘယ်သူကပြောလဲ"

  ရှလင်းအသံမှာအနည်းငယ်ဗလုံးဗထွေးဖြစ်‌ေနသည်။သူမတစ်ခုခုစားနေပုံရသည်။

  "ကျွန်မကရှင့်လုပ်ငန်းအတွက်လုပ်နေတာလေ။ကျွန်မကလုပ်ငန်းငွေကိုကူညီပြီးခြွေတာပေးနေတာလေ။အဲ့အဓိပ္ပာယ်က ကျွန်မကရှင့်ကိုကူပြီးပိုက်ဆံခြွေတာပေးနေတာဆိုတာပဲလေ ဘော့စ်"

  မိမိသည်အေးစက်စွာရယ်မောလိုက်သည်။အပေါ်ယံတွင်တော့ ရှလင်း၏စကားမှာနည်းလမ်းကျပုံရသည်။သို့သော်သူမသည်မိမိအားအရူးလုပ်ရသည်ဟုထင်နေသည်။

  "အရင်ပတ်က မြို့တော်ဒီကိုရှင်အလုပ်ခရီးသွားတုန်းက သုံးညကြာဇိမ်ခံအထူးခန်းမှာ ရှင်နေခဲ့တယ်လေ။အဲ့ဒါကရောရှင်ကကျွန်မကို ငွေကူစုပေးနေတာများလားနော်"

  "ဖာ့ချ"

မိမိသည်ရှလင်းကြိတ်ဆဲလိုက်သည်ကို ကြားလိုက်သည်။

  "ကျိုးကျန်းကနင့်ကိုပြောလိုက်တာလား။သေနာကောင်။သူကလူတွေကိုဘယ်လို‌ဇာတ်လမ်းထွင်ပြရမယ်ဆိုတာကိုပဲသိတာလေ။အားး!!"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now