Ch-109

167 15 0
                                    

Ch-109  ကောင်းကျားလန်၏အထက်တန်းကျောင်းရှုထောင့်(P-1)

  သူကငါ့နောက်ကိုတစ်ချိန်လုံးလိုက်နေတာလား။

  မိမိမှာအစောပိုင်းက မိမိ၏တုံးအပြီးရယ်စရာကောင်းသောအပြုအမူများအား တွေးမိကာ ကိုယ့်ဘာသာကျင်းတစ်ခုတူးပြီးဝင်ပုန်းလိုက်ချင်တော့သည်။

  "မတွေ့တာကြာပြီနော်။အဲ့တော့လက်ရှိမှာ မင်းကကျွန်တော့်အိမ်ထဲခိုးဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်ပေါ့လေ"

  အိုးနိုး။ပြီးသွားပြီ။ပြီးသွားပြီ။ယခုမိမိစိတ်ထဲတွင် အတွေးတစ်ခုသာကျန်တော့သည်။ထိုသည်မှာရှန်ရှောက်ချင်နှင့်မိမိမှာတော့ သွားပြီဆိုတာပင်။မိမိအခြေအနေကတောင် ပိုဆိုးနေသည်မှလွဲ၍ပေါ့။

  မိမိသည်အိပ်ထောင်ထဲမှ လမုန့်များကိုတုန်တုန်ယင်ယင်ထုတ်လိုက်သည်။နှစ်စိတ်ကျန်သေးလေသည်။သူတို့မှာဖျစ်ညှစ်ခံထားရပုံပေါ်နေခဲ့သည်။မိမိမှာလက်နှစ်ဖက်ဖြင့် အစိတ်များကိုဝမ်ရိဟန်ထံပြကာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။

  "ဟားဟား ကျွန်မကဒီကိုလမုန့်လာပို့တာပါလို့ပြောရင် ရှင်ကျွန်မကိုယုံပေးမှာလား"

  "မင်းဘယ်လိုထင်လဲ"

  "ဟားဟား..."

  မိမိမှာခြောက်သွေ့နေသောနှုတ်ခမ်းများအား ဖိကပ်ကာနာရီအားကြည့်လိုက်သည်။မိမိသည်ရူးကြောင်ကြောင်ဖြင့်ရယ်ရင်းပြောလိုက်သည်။

  "ခုထိသန်းခေါင်မရောက်သေးဘူးလေ။အဲ့တော့ ပျော်ရွှင်စရာဆောင်းဦးလယ်ပွဲတော်ပါနော်"

  ကောင်းပါပြီ။ငါအဲ့ဒါကိုဝန်ခံပါတယ်။ငါကျရှုံးသွားခဲ့ပြီ...

- - - - - - -

  (ဤအပိုင်းမှာ ကောင်းကျားလန်မှအထက်တန်းကျောင်း၌ရှိစဉ် သူမ၏ရှုထောင့်ဖြစ်သည်။)

  လွန်ခဲ့သော၁၂နှစ်က ကောင်းကျားလန်မှာစီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်သည်။ထိုကြမ္မာငင်သောနေ့တွင် သူမသည်သန့်ရှင်းရေးတာဝန်ကျသော ကျောင်းသူဖြစ်၍ ကျယ်ဝန်းပြီးဗလာဖြစ်နေသည့်စာသင်ခန်းတွင် သူမသာရှိနေခဲ့သည်။စာသင်ခန်းအားသန့်ရှင်းပြီးသည်နှင့် သူမသည်အိမ်ပြန်ရန်အသင့်ဖြစ်နေလေပြီ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now