Ch-138 ကော်လံဖြူအလုပ်သမားတစ်ဦးထပ်ဖြစ်လာခြင်း
(T/N-ကော်လံဖြူအလုပ်သမားဆိုတာ အစိုးရလခစားဝန်ထမ်းကိုပြောတာလို့ ကိုယ်တော့ထင်မိတယ်)အတွေ့အကြုံကမိမိအားသင်ပေးခဲ့သည်မှာ ပိုက်ဆံရှုထောင့်အကြောင်းကို မိမိမှအရင်ဆုံးပွင့်ပွင့်လင်းလင်းဖြစ်ရပေမည်။
"ပထမဆုံးအနေနဲ့ ကျွန်မသေချာအောင်လုပ်ချင်တာကတော့ ရှင်လိုချင်တာကိုရယူဖို့ကျွန်မ မအောင်မြင်မချင်း ဘယ်လိုအခကြေးငွေကိုမှ ကျွန်မလက်ခံမှာမဟုတ်ပါဘူး။ဒါပေမယ့် ကျွန်မအောင်မြင်ပြီးတာနဲ့ အခကြေးငွေကဂဏန်းငါးလုံးဖြစ်ရမယ်နော်။ကျွန်မသိချင်တာ..."
"ပိုက်ဆံကအရေးမကြီးပါဘူး။ကျွန်တော့်သူငယ်ချင်းက မင်းရဲ့အခြေအနေအေကြာင်းကို ကျွန်တော့ဆီပြောပြပြီးပါပြီ"
"ဒုတိယအနေနဲ့ ရှင့်ရဲ့ကော်ပိုရေးရှင်းမှာကျွန်မကိုရာထူးတစ်ခုပေးပါ ဒါမှပဲ ကျွန်မကကန့်သတ်ချက်တွေမရှိဘဲအဆောက်အဦးထဲကို ဝင်နိုင်ထွက်နိုင်မှာပါ"
"ကောင်းပါပြီ"
"တတိယအနေနဲ့ ရှင့်ရဲ့အိမ်သော့တစ်ချောင်းကျွန်မကိုပေးပါ။အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ကျ ကျွန်မအနေနဲ့လွတ်လွတ်လပ်လပ်ဝင်လို့ရအောင်ပါ။အဲ့ဒါကကျွန်မကို သဲလွန်စတွေတို့ အရာဝတ္တုတွေတို့ ရှာခွင့်ရလိမ့်မယ်"
"အမ်...အဲ့ဒါကနည်းနည်းတော့ခက်တယ်ဗျ"
ရှုချူးချောင်မှာတွန့်ဆုတ်နေသည်။
"ကျွန်တော်ကပြောင်းလာခဲ့ပြီလေ။အဲ့တော့ ကျွန်တော့်မှာလည်းသော့မရှိဘူး။ပြီးတော့ ကျွန်တော့်ရဲ့အိမ်ဟောင်းမှာ အိမ်အကူတွေအများကြီးရှိတယ်။သတိမပြုမိဘဲဝင်ဖို့ကမင်းအတွက်လွယ်နေမှာမဟုတ်လောက်ဘူး"
"ရှင်အိမ်ပြန်ပြီး သော့ယူခဲ့ပါ။အိမ်အကူတွေအနေနဲ့တော့ သူတို့ရဲ့အချိန်ဇယားကိုကျွန်မဆီပေးလိုက်လေ ဒါမှပဲ သူတို့တာဝန်ချိန်လဲမယ့်အချိန်ကို ကျွန်မသိရမှာ။ကျွန်မရဲ့ဒီအဆိုသုံးချက်ကို ရှင်သဘောတူနိုင်ရင် ကျွန်မတို့စလို့ရပြီ"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...