Chapter 2

5.3K 242 62
                                    

စံအိမ်၏ ညာဖက်အစွန်၌ ဦးမဟာ၏ သီးသန့်အိမ်ကြီး တည်ရှိရာ ဧည့်ခန်းထဲ၌မူ သူ့သားနှင့် ဦးမဟာကြား ရိုးရာမပျက် အချေအတင်ဖြစ်လျက်ရှိ၏။

သူ့မြေးတေဇ ထွက်သွားချိန်၌ ဦးမဟာ သူ့သားအား ဒေါသတကြီး ဆူပူကြိမ်းမောင်းလျက်ရှိသည်။ သူ့သားဖြစ်သူ ဦးရာဇကလည်း ‌တစ်ခွန်းမကျန် ဝင်ထောက်လျက်ရှိ‌နေသည်။

"တေဇက ကျွန်တော့်သားအရင်းပါ။ ကျွန်တော့်သားကို ချစ်လွန်းလို့ အခုလောက် အဖေ့ကို အလိုမလိုက်ဖို့ ပြော‌နေတာဗျ။ သူ အခုလို ပွေရှုပ်နေတာကို ကျွန်တော် မကြိုက်ဘူး။ အဖေက တေဇရဲ့အိမ်ထောင်ဖက်ကိုကျ ပြစ်မျိုးမှဲ့မထင် လိုချင်နေသေးတယ်၊ ကိုယ့်မြေးက မြင်သမျှ ကောင်လေးကို ခြေတော်တင်ဖို့ ကြိုးစားနေတာကျ ထိန်းကွပ်မယ်မရှိဘူး၊ တန်ရာတန်ရာပဲ ရတတ်တယ်ဆိုတာ အဖေ သဘောပေါက်ထားပါ။ အဖေ အဲ့လိုလုပ်နေရင် တစ်နေ့ တေဇ ဒုက္ခရောက်လိမ့်မယ်"

"‌ခွေးကောင်၊ ဖအေကိုများ တစ်ခွန်းမကျန် ပြန်ပြောရဲနေတယ်။ အေး၊ ငါကတော့ မသေမချင်း တေဇ လိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးသွားဦးမှာပဲ။ မင်း ငါ့မြေးကို ဆူရဲဆူကြည့်လိုက်၊ ဇာဇာ သမီးလည်း ကလေးပေါ် လက်ပါရဲပါကြည့်နော်။ နှစ်ယောက်လုံး သေချာမှတ်ထားကြ၊ ငါ့မြေးလေးကို မျက်ရည်တစ်စက် မကျအောင် ငါ ထိန်းလာခဲ့တာ၊ ငါ့မြေး ပါးပေါ်မျက်ရည်ကျအောင် လုပ်ရဲလုပ်ကြည့် ဒီစံအိမ်သခင်၊ သခင်မဆိုလည်း ငါ ကျော်သွားပေးမယ် မထင်နဲ့"

ဦးမဟာ မနက်စောစောစီးစီး ဒေါသထွက်ရလွန်းလို့ သူ့သားမျက်နှာကို ကြည့်ချင်စိတ်ပင် ရှိမနေတော့တာကြောင့် အိပ်ခန်းထဲသို့ တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ တဒုန်းဒုန်း ထောက်ရင်း ထဝင်သွားသည်။ ရာဇက သူ့သားအရင်းဖြစ်ပါ၏၊ သူ သူ့သားကို အလွန်လည်း ချစ်ပါ၏။ သို့ပေသိ သူ့ဘဝ၌ တစ်ဦးတည်းသော မြေးလေးဖြစ်သည့် တေဇကိုတော့ မည်သူနှင့်မျှ ယှဉ်လို့မရအောင် ပိုချစ်သူဖြစ်သည်။

စားဖိုဆောင်ဘက်၌မူ တေဇ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ အနည်းငယ် ထပ်ကျလာပြန်တာမို့ ရှေ့က အလှလေးကိုပင် စကားထပ်မပြောနိုင်တော့။ ကြည့်ရတာ သူ ညက သောက်တာ တော်တော်များသွားလို့ ခေါင်းမကြည်ရုံတင်မက အခုလို မျက်ရည်တွေပါ ကျနေလားမသိ။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now