Chapter 3

4.3K 203 50
                                    

ရွှေနှင့်ယိုးမှား ပန်းစံကား

သိုးကလေ
ပုပ္ပားနတ်တောင်၊ အခေါင်မြင့်ဖျား
စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား
ပန်းစံကား။

သိုးကလေ
စကားပွင့်နှင့်၊ နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး၊ မောင်ကြီးနှမ
ညက်လှပြာစင်၊ မယ့်သည်ပင်သည်
ခရီးသား။

သိုးကလေ
မြိတ်လွတ်စုလည်း၊ အငယ်တည်းက
ကျွမ်းဝင်ကြသည်၊ မွေးဖတူရင်း
မျိုးသည်မင်းနှင့်၊ ချစ်ခြင်းစုရုံး
သက်ထက်ဆုံးသည်၊ နှလုံးမခြား
စောင့်တရား။

ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကျိုင်းစင်မြဝါ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။

ပုပ္ပားတောင်ကလပ်ပေါ်၌ အခုချိန်ထိ ကျောက်ရုပ်ကဲ့သို့ ရပ်နေသေးသော နှောင်ကြိုးရိပ်၏ အမြင်အာရုံထဲ၌ ကိုကို့ဆယ်တန်းဖတ်စာအုပ်ကြီးကိုလှန်၍ ထိုကဗျာကို ရင်ပြင်တစ်ခုလုံး ကြားအောင် တဗြဲဗြဲ အော်ရွတ်နေတတ်သော ဆယ်နှစ်သားကောင်လေး၏ အသံကိုပင် ပြန်ကြားလိုက်မိသလိုပင်။

ထိုကဲ့သို့ အော်ရွတ်နေတတ်သော ဆယ်နှစ်သားလေးပင် အခုဆို အသက်နှစ်ဆယ်အရွယ်ရောက်လာခဲ့ပြီ။

ရိပ် လှေကားထစ်တွေကတဆင့် အောက်ပြန်ဆင်းဖို့ ခြေပြန်ချလိုက်မိတာနဲ့တင် သူ မေ့ဖျောက်ထားခဲ့သော ဒီပုပ္ပားတောင်ပေါ်ရှိ မှတ်ဉာဏ်များက အလုအယက်တိုးဝင်နေကြတာကြောင့် လှေကားထိပ်၌ မျက်လုံးစုံမှိတ် ရပ်လိုက်မိသည်။

ရိပ် ထပ်မတွေးမိအောင် ကြိုးစားလိုက်ကာ လှေကားထစ်တွေကိုသာ ရပ်နားခြင်းမရှိတော့ဘဲ ဆက်တိုက်ဆက်တိုက် ပြေးဆင်းလိုက်တော့၏။ သူ ပစ်ချထားခဲ့သည့် ဆိုင်ကယ်ပေါ် ပြန်တက်ပြီး စံအိမ်ဆီသို့ အလာတုန်းကအတိုင်း အရှိန်မြှင့် မောင်းနှင်ပြန်သည်။

တေဇ၏အခြေအနေကို သူ အိမ်ပြန်ပြီး နားစွင့်နေချင်၏။

----------------

သူ့မြေး အခြေအနေကို ကြားလိုက်ရသည့် ဦးမဟာ အဝတ်အစားပင် မလဲနိုင်ဘဲ အိမ်နေရင်း အဝတ်အစားများနဲ့သာ တေဇရှိရာ ဆေးရုံထဲသို့ ချွေးမလေးနဲ့အတူ ချက်ချင်း ရောက်ရှိလာကြသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now