Chapter 18

3.2K 132 33
                                    

အိပ်ဆောင်ထဲသို့ ပွေ့ခေါ်လာခဲ့‌ရသော သူ့လက်မောင်းကြားထဲက ရိပ်ကို တေဇဓိရာဇ် ကုတင်ပေါ်သို့ ဖြည်းဖြည်းချင်း ချပေးလိုက်ရသည်။ သေချာကြည့်မှ ထိုကလေး၏ လက်က တော်တော်လေး ရောင်နေတာမို့ တေဇ သက်ပြင်းချလိုက်မိသည်။

"ကိုယ် ရေခဲသွားယူလိုက်ဦးမယ်၊ အရောင်ကျအောင် ရေခဲကပ်ပေးမယ်"

တေဇ သူ့အိပ်ဆောင်ထဲက ရေခဲသေတ္တာနားသို့ လျှောက်သွားပြီး ကုတင်ပေါ်က ကလေးကို အကဲခတ်နေမိသည်။ ရိပ်ကို ကြည့်ရတာ အတော်‌လေး ထိတ်လန့်နေပုံရှိသည်။ လူမိုက်တွေနား သွားရတာထိလည်း မဟုတ်ဘဲ အရောင်းအဝယ်လုပ်ရသည့် ကျောက်ကုန်သည်တွေနားသို့ သာမန်သက်တော်စောင့်လေး လုပ်ပေးဖို့အတွက် သွားရတဲ့ ကလေးက တစ်ခါပြန်လာတိုင်း ဒဏ်ရာဒဏ်ချက်တွေရှိနေ၏။ ဖြူဖျော့ဖျော့ဖြစ်လာတတ်၏။

တေဇ ရိပ်နားသို့ ပြန်လျှောက်လာပြီး သူ့လက်ထဲက ရေခဲအိတ်ဖြင့် ရိပ်၏လက်ကို ကပ်ပေးဖို့ ဆွဲယူကြည့်လိုက်ချိန် ရိပ်၏လက်ကောက်ဝတ်၌ အစင်းရာတချို့ရှိနေတာကိုပါ မြင်လိုက်ရသည်။

"လက်က ဘာဖြစ်ထားတာလဲ"

မသိရင် ကြိုးတုပ်ခံထားရသလိုမို့ တေဇ အလိုမကျစွာ မေးလိုက်မိခြင်းဖြစ်သည်။ ရိပ်ဆီက အဖြေအစား သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ခြင်းကိုသာ ဆက်တိုက်ပြုမူနေတာမို့ သူ ထိုကလေး၏ ဆံနွယ်များကို ဖွလိုက်မိတော့၏။

"ဘာလုပ်နေတာတုန်း၊ ကိုယ့်ခန္ဓာကိုယ်ထဲလည်း ဖောက်ဝင်သွားဦးမယ်၊ လက်ပေး၊ ရေခဲကပ်ရအောင်"

တော်တော်ချော့ပြောမှ ရိပ်က သူ့လက်ကို အသာတကြည်ထုတ်ပေးသည်။ သို့သော်ငြား သူ ရေခဲကပ်ပေးနေစဉ်တလျှောက်လုံးလည်း ရိပ်က အငြိမ်မနေဘဲ သူ့ခန္ဓာကိုယ်ကို မွေ့ရာနဲ့ ပွတ်တိုက်နေပြန်တာမို့ ရေခဲအိတ်က လက်ပေါ်၌ တစ်စက္ကန့်တောင် ကောင်းကောင်းကပ်ပေးလို့မရ။

တေဇ စိတ်မရှည်ဖြစ်လာပြီမို့ ထိုကောင်လေး၏ ခါးကို သိုင်းဖက်လိုက်ကာ သူ့ပေါင်ပေါ်သို့ ရိပ်ကို ဆွဲ,မလိုက်ရင်း ထိုင်ခိုင်းထားလိုက်ပြီး ချုပ်ထားလိုက်ရ၏။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now