Chapter 13

3.2K 143 59
                                    

တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမကြီးပေါ်၌ ခပ်မြန်မြန်နှင့် ခပ်ကြမ်းကြမ်း မောင်းနှင်နေသော ကားတစ်စီးရှိသည်။

တေဇ သူ့စံအိမ်ရှိရာသို့ မောင်းနှင်နေရင်း ဘေးထိုင်ခုံက ကောင်လေးကိုလည်း တစ်ချက်တစ်ချက် လှည့်ကြည့်မိသည်။ ထိုကောင်လေးက မျက်လုံးမှိတ်ရင်းသာ လိုက်ပါလာ၏။ ကြည့်ရတာ အိပ်ပျော်သွားပုံရသည်။

စံအိမ်ဝင်းထဲထိ ကားသွင်းပြီးချိန်၌ ရိပ်ကို သူ အသံပြုလိုက်သည်။

"ထတော့၊ ရောက်ပြီ"

ထိုကောင်လေးက လမ်းမှာကတည်းက သူ့ကို ‌ကျောခိုင်းထားကာ ခြေနှစ်ချောင်းကိုပါ ခုံပေါ်တင်ထားပြီး ဒူးကွေးထားရင်း ကားမှန်ကို မှီအိပ်နေသည်။

တေဇ ကားအောက်ဆင်းလိုက်ကာ ရိပ်ဖက်က ကားတံခါးကို ဆွဲဖွင့်လိုက်ပြီး လှုပ်နှိုးဖို့ပြင်လိုက်ချိန်၌ နွမ်းဖျော့နေသည့် ရိပ်မျက်နှာကြောင့် သူ့စိတ်တွေ အနည်းငယ် နူးညံ့ပျော့ပျောင်းသွား၏။ ထို့ကြောင့် သူ ရိပ်ကို ငြင်သာစွာသာ လှုပ်နှိုးလိုက်မိသည်။

"ရိပ် အိမ်ရောက်ပြီ၊ ထလိုက်ဦး၊ အခန်းထဲရောက်မှ ဆက်အိပ်တော့"

ထိုကောင်လေး သူ့မျက်လုံးများကို ပွတ်သပ်ရင်း ကားအောက်သို့ ဒယိမ်းဒယိုင်ဆင်းလာတာကြောင့် တေဇ ထို‌ကောင်လေး၏ လက်မောင်းကို ထိန်းကိုင်ထားပေးလိုက်ရသည်။ ရိပ်ကို ဒီတစ်နေ့လေးပဲ မမြင်လိုက်ရတာ ဖြစ်သော်ငြား အလွန်သန်မာပုံရသည့် ထိုကောင်လေးက တစ်ရက်အတွင်း ယူပစ်လိုက်သလို အားနည်းသွားသလိုပင်။

တေဇ ရိပ်၏ပါးပေါ်သို့ လက်တင်စမ်းလိုက်ရင်း-

"ညကဟာ အခုထိ မသက်သာသေးဘူးလား၊ ငါ ဆရာဝန် ခေါ်ပေးရမလား"

ရိပ် ခေါင်းခါပြပြီး သီးသန့်စံအိမ်ဝင်းထဲသို့ အရင်လျှောက်ဝင်သွားသည်။

သူ မနေ့ညက ဆေးမိထားသည့်အရှိန်ကြောင့်ရော ‌ဒေါသကြောင့်ပါ ဒီကလေးအပေါ် လိုတာထက် ပိုကြမ်းမိခဲ့သည်။ ထို့ကြောင့် ဒီညတော့ ရိပ်ကို ထပ်အနိုင်မကျင့်သေးဘဲ ပေးအိပ်လိုက်ဖို့သာ ဆုံးဖြတ်လိုက်မိသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now