Chapter 15

3.6K 152 78
                                    

တဖြည်းဖြည်းနှင့် တေဇရှိနေရာ အိမ်ခန်းလေးထဲထိပါ မှောင်ရိပ်ကျလာခဲ့ပြီ။ ငယ်ဘဝက ကလေးလေးဆီ ဖြတ်ပြေးသွားခဲ့သည့် သူ့အတွေးများကလည်း သူ့ဘေးနားရှိ လှုပ်စိလှုပ်စိ ဖြစ်လာသည့် ကောင်လေးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"နိုးရင်ထတော့၊ ညစာ သွားစားလိုက်ဦး"

ရိပ် သူ့မျက်လုံးများကို ပွတ်သပ်‌နေရင်းမှ တေဇ အသံကို ကြားလိုက်ချိန်၌ ဝုန်းခနဲ ထထိုင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ အိပ်နေတုန်း ထိုလူ ထွက်မပြေးသေးတာကို တွေ့လိုက်ရသည်။

"ထွက်များပြေးသွားပြီလားလို့၊ ပြေးဖို့ မစဉ်းစားနဲ့နော်"

"ဟက်၊ မင်း ငါ့မိဘတွေလက်ထဲက တစ်ညအပြင် မပုန်းနိုင်ပါဘူး။ ငါ့အဖိုး ငါ့ကို လာရှာမှာပဲကို၊ ငါ ဘာလို့အပင်ပန်းခံပြီး ပြေးနေရမှာလဲ၊ မင်းသာ ငါ့မိဘတွေ လက်ထဲမှာ မသေခင် နောက်ဆုံးညစာကို ဝဝလင်လင်စားသွား"

တေဇ ပက်လက်ပြန်ပြောင်းအိပ်လိုက်ပြီး-

"အခုလောက်ဆို ဟင်းတွေ အေးနေလောက်ပြီ၊ မီးဖိုချောင်ထဲမှာ Microwave တွေ့ခဲ့တယ်၊ ပြန်နွှေးပြီးစားလိုက်၊ ကော်ဖီဖျော်စက်လည်း တွေ့လို့ အဲ့ထဲမှာ ကော်ဖီနှပ်ပေးထားတယ်၊ ယူသောက်လိုက်ဦး၊ အဲ့ဒါမှ မျက်လုံးပြူးပြူးနဲ့ ငါ့ကို တစ်ညလုံး ထိုင်စောင့်နိုင်မှာ"

တေဇ မျက်လုံးမှိတ်သွားတာမို့ ရိပ် လှုပ်နှိုးလိုက်မိသည်။

"ဘယ်သူနဲ့မှ ထပ်မယူတော့ဘူးဆိုရင် အခု လွှတ်ပေးမယ်၊ ဘယ်သူနဲ့မှ လက်မထပ်နဲ့"

"ဆုတောင်းလေ၊ ငါ အိမ်ပြန်ရောက်တာနဲ့ မင်္ဂလာပွဲ ပြန်လုပ်မှာ၊ ငါ့ကို အမိန့်လာမပေးနဲ့၊ စားစရာရှိသွားစားတော့"

ထိုကောင်လေး ကုတင်အောက်ဆင်းသွားကာ မျက်နှာရှစ်ခေါက်ချိုးဖြင့် ထမင်းစားပွဲနား ထသွားသည်။ ခြေထောက်က အနည်းငယ် ထော့နင်းနေသေးသည့် ရိပ်ကို တေဇ ကုတင်ပေါ်၌ သူ့နဖူးပေါ် လက်မောင်းတင်ရင်း လိုက်ကြည့်နေမိသည်။ မနက်ကျရင် ရိပ်ကို ဆေးရုံခေါ်သွားဖို့လည်း တွေးလိုက်သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now