Chapter 24

3.4K 141 38
                                    

ရိပ်လက်ကိုဆွဲလို့ ပုပ္ပားတောင်ထိပ်ပေါ်သို့ တေဇ တက်လာခဲ့၏။

ရိပ်က နေကောင်းသွားချိန်၌ သူ့အား ပုပ္ပားတောင်တူတူတက်ချင်သည်ဟု ဆိုလာတာမို့ ရိပ် ဒီထက် ကိုယ်ဝန်ရင့်မလာခင် သူတို့နှစ်ယောက်တူတူ ပုပ္ပားတောင်တူတူတက်ဖြစ်သွားကြ၏။

တောင်ထိပ်ရောက်ချိန်၌ ရိပ်၏မျက်နှာထက်၌ အပြုံးလှလှလေးများ ပေါ်လာခဲ့ပြီး သူ ကိုကို့လက်ကို တစ်ချက်ဖြစ်ညှစ်လိုက်ကာ ပုပ္ပားတောင်ပေါ်မှ အလှတရားများကို မော့ငေးမိသည်။

အခုတလော ဒီတောင်ပေါ်ရောက်တိုင်း ငယ်ငယ်က ဆုံခဲ့ဖူးသည့် ကိုကို့ကို သူ သတိရနေတတ်လေသည်။ ထိုကိုကိုပေးခဲ့သည့် လက်စွပ်ကို ကလေးလေးတွေကို အမွေအဖြစ် ပေးခဲ့မည်ဟု တွေးထားမိတာ‌ကြောင့် ဖြစ်နိုင်မည်ထင်၏။ အခုလတွေမှသာ ထိုကိုကို့အား တော်တော်လေးကို စိတ်ထဲရောက်လာခဲ့တာဖြစ်သည်။

ရိပ် သူငယ်ငယ်က ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာအော်အော်ရွတ်နေတတ်သည့် နေရာနားသို့ ကိုကို့ရှေ့မှ ဆက်လျှောက်လာခဲ့သည်။ ထိုနေရာနားရောက်ချိန်၌ သူ့မျက်လုံးများ ခဏမှိတ်ထားလိုက်မိကာ လွန်ခဲ့သော ဆယ်နှစ်က မှတ်ဉာဏ်တချို့ကို ပြန်‌တွေးကြည့်နေမိသည်။

.
.
.

ရိပ်တစ်ယောက် ထိုင်နေသည့် ကိုကို့ကို ပတ်ရင်း ကဗျာတွေ အော်ရွတ်လျက်။ မောသွားလျှင် သူ့ကို ပြုံးပြုံးပြုံးပြုံးဖြင့် ကြည့်နေသည့် ကိုကို့ပေါင်ပေါ် တက်ထိုင်လိုက်ရင်း နောက်က ကဗျာတွေ အကုန်မဖတ်တတ်တာမို့ ကိုကို့ကို ထပ်သွားဖတ်ခိုင်းကြည့်နေသည်။ ပျင်းလာလျှင် ကိုကို့ပေါင်ပေါ်က လျှောဆင်းလိုက်ပြီး ကျောပိုးအိတ်ထဲက အရုပ်ကားလေးတွေ တွန်းမောင်းရင်း ဆယ်နှစ်သားဖြစ်သည့် ရိပ် အလွန်အလုပ်ရှုပ်နေသည်။

ပုံမှန်ဆို ကိုကိုနဲ့မှသာ ဒီပေါ်တက်၏။ သူ့ဘာသာသူ လမ်းလျှောက်တက်ရတာ အလွန်ပျင်းသည့်သူမို့ ကိုကို့ကျောပေါ်က ဇိမ်နဲ့လိုက်လာတတ်သူဖြစ်သည်။ ဒီပေါ်၌ ဆယ်တန်းစာမေးပွဲဖြေမည့်ကိုကိုက စာလာလာကျက်ခြင်းဖြစ်သည်။ သူကတော့ ကိုကို့ဘေး၌ ထိုင်ထိုင်ဆော့‌နေတတ်ခြင်းဖြစ်သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now