Chapter 27

6.9K 253 74
                                    

တစ်မနက်ခင်းလုံး ဆေးရုံကိစ္စ‌တွေနှင့် အလုပ်ရှုပ်‌နေကာ တစ်ညနေခင်းလုံး ဘား၌ ကြည့်ရှုစစ်ဆေးပြီး ပင်ပန်းနွမ်းနယ်စွာဖြင့် ရေးခေတ္တရာ သူ့ကားကို မောင်းနှင်လာရင်း ကိုကို့ဆေးခန်းရှေ့၌ ရပ်လိုက်သည်။ ကိုကို သူ့အား ဆေးခန်းရှေ့၌ ဂျူတီကုတ်ထဲ လက်နှစ်ဖက်ထည့်ပြီး စောင့်ကြိုနေလျက်ရှိ၏။

ရေး ကားအောက်ဆင်းလိုက်ပြီး ကိုကို့နားသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့၏။ သူ မည်မျှပင် အလုပ်တွေကြောင့် ပင်ပန်းနေရပါစေ ကိုကို့ဆီက လာဗင်ဒါနံ့လေးကို ရလိုက်တာနဲ့တင်၊ ကိုကို့မျက်နှာကို မြင်လိုက်ရတာနဲ့တင်၊ ကိုကို့မျက်ဝန်းညိုများ၏ အရိပ်အောက် ရောက်လာလိုက်တာနဲ့တင် နွေးထွေးလုံခြုံသွားသည်၊ အားတွေပြန်ပြည့်သွားရသည်။

"အိမ်ငှားမယ့်သူက ဒီနားမှာပဲ ရှိနေတယ်ဆိုလို့ ကိုကို့ဆေးခန်းထဲမှာ ဝင်စောင့်ခိုင်းထားလိုက်သေးတယ်"

ရေး ကိုကို့ကို လှမ်းပြောနေရင်းနဲ့ပင် လူနာရှင်းနေသည့် ဆေးခန်းထဲသို့လည်း လှမ်းကြည့်လိုက်သည်။ ကိုကိုက မနက်ဆို သူတို့၏ ကိုယ်ပိုင်ဆေးရုံ၌ ရှိတတ်ကာ ညနေ သူ ဘားသွားချိန်ဆိုလျှင် ဒီဆေးခန်း၌ လူနာကုရင်း သူ့ပြန်အလာကို စောင့်နေတတ်သည်။

နှောင်ကြိုးရိပ် ထရပ်လိုက်၏။ အိမ်ပိုင်ရှင်ကို လူကြီးပိုင်းမဟုတ်လောက်မှန်းတော့ ဖုန်းထဲက အသံဖြင့် ခန့်မှန်းလိုက်မိသော်လည်း ယခုလောက်ထိ ငယ်နေမည်ဟုလည်း မထင်လိုက်မိပေ။ သူ့ထက်တော့ ကြီးမည့်ပုံရသော်ငြား ထိုအိမ်ပိုင်ရှင်အမျိုးသားက ကိုကို့အရွယ်လောက်သာ ရှိဦးမည့်ပုံရှိပြီး နှင်းလိုဖြူသည့် အသားအရေရှိ‌သော ထိုအစ်ကိုက အလွန်တရာမှ လှပလွန်းသော အမျိုးသားတစ်ယောက်ဖြစ်နေလေသည်။

ရိပ် ခပ်သွက်သွက် နှုတ်ဆက်လိုက်၏။

"ဖုန်းဆက်ထားတဲ့ တစ်ယောက်ပါ၊ ကျွန်တော်တစ်ယောက်ထဲပဲ နေဖြစ်မှာပါ၊ အစ်ကို့ဖက်က အဆင်ပြေမယ်ဆို ဒီညပဲ စာချုပ်ချုပ်လို့ရနိုင်မလား၊ ကျွန်တော်က နယ်ကမလို့ ဒီည တခြားမှာလည်း ထပ်သွားမတည်းချင်တော့လို့ပါ"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now