Chapter 25

3.9K 157 53
                                    

ညတာရှည်တတ်‌သော ဆောင်းညနေခင်းများက ရိပ်အား စောစောအိပ်ရာဝင်ချင်အောင် အားဖြည့်ကူညီနေသလိုပင်။

ဒီတစ်ပတ်ပြီးရင် ကိုကိုနဲ့  မတွေ့ရတော့မှာမို့ သူ အိပ်ချင်တိုင်း အရင်လို ဝင်မအိပ်ပဲ ကိုကို့နားမှာသာ အချိန်ပြည့်ပူးကပ်နေတတ်သည်။ ကိုကို ဟင်းချက်လျှင်တောင်မှ ရိပ် ကိုကို့ဘေးကပ်ရပ်ပြီး ကိုကို့ထံမှ ဟင်းချက်နည်းများကို သင်ယူလျက်ရှိ၏။ ပုံမှန်ဆို ဖြစ်သလို စားတတ်သူသာ ဖြစ်သော်ငြား ကလေးလေးတွေ အာဟာရပြည့်အောင်တော့ သူ ကိုကို မချက်ကျွေးတော့လျှင်တောင်မှ သေချာလေး ချက်စားဖို့ ဆုံးဖြတ်ထားသည်။

သူက အခုတစ်ပတ်လုံး အချိန်ပြည့် ကိုကို့နား ကပ်နေချင်သော်ငြား ကိုကိုကတော့ အခုတလော သူ့ကိုတောင် သိပ်မကပ်တော့ဘဲ အိပ်ရာထဲပဲ ဝင်ဝင်ခွေနေတတ်သည်။ ကိုကိုကချည်း အန်နေတတ်လေသည်။ ထို့အတွက် ကိုကို့မှာရော သူ့ကဲ့သို့ ကလေးရှိနိုင်တာလားဟု သူ စနောက်မိသေး၏။ ဒီတစ်ပတ်ထဲ၌ သူ့ရက်ချိန်းတွေရှိတာမို့ ‌ဆေးရုံပြန်သွားပြရတာကြောင့် ကိုကို့ကိုပါ သူ တစ်ခါတည်း ပြဖြစ်ခဲ့သည်။ ထိုအရာက သူ့ထံ၌ ကလေးလေးရှိတာမို့ အမျိုးသားဖြစ်သည့် ကိုကို့ထံ၌ပါ သူ့ကဲ့သို့ လက္ခဏာများ ခံစားရခြင်းမျိုးသာ ဖြစ်သည်ဟု ဆိုလာခဲ့၏။

"အဲ့ဒါ ကိုကို ကျွန်တော့်ကလေးလေးတွေကြောင့် ဖြစ်တာ ဟုတ်ချင်မှဟုတ်မှာ၊ နေဆက်ပိုင်ရဲ့ ကလေးကြောင့်ပဲ ဖြစ်မှာ"

ရိပ် မျက်လုံးထောင့်ကပ်ပြီး နှာမှုတ်လိုက်ရင်း ခြေစောင့်လိုက်ကာ ဆရာ့အခန်းရှေ့က အရင်ထွက်သွားသည်။ ထိုအပြုအမူက သူ့ကို သဝန်တိုတာများလားဟု တေဇ တွေးပျော်မိသွားခဲ့၏။ ဒီတစ်ပတ်ပြီးလျှင်လည်း သူကတော့ ရိပ်နားမှာ ဆက်နေနိုင်ဖို့ အကြောင်းပြချက် ရှာလျက်ရှိသည်။

တေဇတစ်ယောက် အခုရက်ပိုင်း၌ အိပ်မက်ဆိုးများ မက်လေ့ရှိကာ ညတိုင်းလန့်လန့်နိုးနေတတ်၏။ သူ ရိပ်ကို ဒီတစ်ပတ်ပြီးလျှင်သာမက ကလေးမွေးပြီးချိန်မှာတင်ပါ လက်မလွှတ်နိုင်သည့်၊ လက်လွှတ်ဖို့ ကြောက်နေမိသည့် စိတ်ဖိစီးမှုများကြောင့် နှလုံးက ခပ်စိတ်စိတ် ပြန်အောင့်လာသည်။ ရှေ့အခေါက်တွေတုန်းကလို သတိလစ်သွားအောင်ထိတော့ မဖြစ်ဖူးသေးပေ။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now