Chapter 23

3.4K 147 26
                                    

ရိပ်ကို လက်ထပ်ခွင့်တောင်းဖြစ်ခဲ့သည့် ညမှာပင် တေဇ ရိပ်ကို သူ့စံအိမ်ဆီသို့ အပါခေါ်လာခဲ့သည်။

သူ့လက်ထပ်ခွင့်ကို လက်ခံသည်လည်းမဟုတ်၊ ငြင်းဆိုသည်လည်းမဟုတ်သည့် ရိပ်ကို သူ့ဖက်ကတော့ လက်လွှတ်မပေးနိုင်တော့။

ဦးမဟာနှင့် ဦးရာဇရှေ့၌ ရိပ် ခေါင်းငုံ့ထားလျက်ရှိသည်။

ရိပ်ကို ခြေဆုံးခေါင်းဆုံးကြည့်နေရင်း ဦးမဟာ ဆိုလိုက်၏။

"ဖြစ်ချင်တဲ့သူနဲ့ဖြစ်လာပြီးမှ ငါ့မြေးရဲ့က‌လေးလို့ နာမည်တပ်လိုက်တာမလား၊ အစ်ကိုလိုပဲ သောက်ကျင့်မကောင်းတဲ့ဟာလေး၊ သူများအိမ်ထောင်ရေးကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ မင်းလည်း ဇာတ်သိမ်းလှမယ် ထင်မနေနဲ့"

ဦးမဟာ အလွန်စိတ်ဆိုးသွားတာမို့ သူ့တုတ်ကောက်ကို ယူလိုက်ကာ အခန်းထဲသို့ ထဝင်သွားတော့သည်။ သူ့အနေဖြင့် ရိပ်ကို လက်မခံဘူးဟု ပြောနေတာလည်း မဟုတ်တာကို က‌လေးလွယ်ထားရရှာသည့် နေဆက်ပိုင်ကို ပစ်ပစ်ခါခါလုပ်ပြီး အခုလို ပြုမူလာသည့် သူ့မြေးလေးကိုပင် အနည်းငယ် စိတ်တိုသွားမိ၏။ သူ ရိပ်ကို လက်ခံနိုင်လျှင်တောင်မှ အငယ်အနှောင်းနေရာအဖြစ်သာ ဖြစ်သည်။ ထို့အတွက်လည်း ဦးမဟာ သက်ခွန်းယံအား ရိပ်နှင့်သတင်းထွက်အောင်လုပ်ခိုင်းပြီး သူ့မြေး စိတ်ပျက်သွားအောင် လုပ်ခိုင်းခဲ့တာပင်။

ဦးရာဇကတော့ ထိုနှစ်ယောက်ကို လေလိုသာ သဘောထားလိုက်တော့ကာ-

"လုပ်ချင်တာသာလုပ်တော့၊ ဒီနေ့ကစပြီး မင်းရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်တာတွေကို ငါ စိတ်မဝင်စားတော့ဘူး၊ မင်း သူ့ကို မွှန်နေပြီး လှည်းကြိုးထမ်းနေရလည်း ငါနဲ့မဆိုင်တော့ဘူး"

ရိပ် သူ့ခေါင်းကို မဖော်ရဲတော့သည့်အထိ ငုံ့ထားမိသည်။ သူ ကိုကိုနဲ့သာ အိပ်ဖူးခဲ့တာကို အခုလို မှိုချိုးမျှစ်ချိုးပြောခံနေရတာမို့ ဗိုက်ထဲက ကလေးတွေအတွက် စိတ်မကောင်းဖြစ်မိသွားသည်။

တေဇ ရိပ်၏ပခုံးကို သိုင်းဖက်လိုက်ကာ သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်ပြီး-

"ကျွန်တော့်ကြောင့် အဖေတို့ အနှောင့်အယှက်မဖြစ်ရအောင် ကျွန်တော် သူနဲ့ အပြင်မှာပဲ သီးသန့်နေမှာပါ၊ ကျွန်တော် ရိပ်ကို ခေါ်လာတာက ရိပ်ဆီမှာ ကျွန်တော့်ကလေးရှိနေတာကို သိစေချင်လို့၊ ပြီးတော့ ရိပ်ကိုပဲ ကြင်ယာတော်နေရာမှာ ထားချင်လို့ တရားဝင်ဖြစ်သွားအောင် ခေါ်လာခဲ့ရုံပါ"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now