Chapter 6

3.5K 159 59
                                    

တေဇဓိရာဇ် နေထိုင်ရာ သီးသန့်စံအိမ်ဝင်းလေးထဲရှိ အိပ်ခန်းလေးထဲ၌ တိတ်ဆိတ်ငြိမ်သက်မှုတို့ ကြီးစိုးလျက်ရှိသည်။

အခန်းတွင်းရှိ ကုတင်ငယ်ထက်၌ နှောင်ကြိုးရိပ်တစ်ယောက် အိပ်မက်ထဲသို့ နစ်မြှုပ်လျက်ရှိ‌နေ၏။

အိပ်မက်ထဲ၌ ကိုကို့ဖတ်စာအုပ်ထဲက သူ အလွတ်ကျက်ထားခဲ့သည့် ရွှေနှင့်ယိုးမှား ပန်းစံကားကဗျာကို ကိုကို့ကျောပေါ်က လိုက်လာရင်း အော်ဆိုနေသည်။

ပုပ္ပားတောင်ပေါ်တက်တိုင်း သူ့ခြေထောက်နှင့်သူ တက်ရမှာ အလွန်ပျင်းသူမို့ ကိုကို သူ့ကို ထိုကဲ့သို့သာ ကုန်းပိုးရလေ့ရှိသည်။ လှေကားထစ်ပေါင်းများစွာပေါ်သို့ ကိုကိုကလည်း သူ့အား အလိုလိုက်သည့်အနေဖြင့် ငြီးငြူခြင်းမရှိ ကျောပိုးခေါ်သွားတတ်သည်။

"တော်လိုက်တာ၊ ကိုကို့ကလေးလေးက ကိုကို့ဖတ်စာအုပ်ထဲက ကဗျာတွေကိုတောင် အလွတ်ရနေတာပဲ၊ အောက်ရောက်ရင် ရိပ်ကြိုက်တဲ့ နန်းကြီးသုတ်ကို ကိုကို ကိုယ်တိုင်လုပ်ပေးမယ်"

"အွန်း၊ ဗိုက်ဆာနေပြီ၊ ကိုကို ကျောပိုးရတာ ညောင်းနေပြီလား"

"ရတယ်၊ ဒီခန္ဓာကိုယ်သေးသေးလေးကို ကိုကို နိုင်ပါသေးတယ်"

ကိုကို သူ့ကို ကျောပိုးတိုင်း သူ ပျော်ရွှင်စွာ လိုက်ပါလာခဲ့ကာ သူ ကြီးလာရင် ကိုကို့ကို ပြန်ကျောပိုးနိုင်လောက်အောင်ထိ သန်မာတဲ့သူ ဖြစ်အောင်လုပ်မည်ဟု ထိုအရွယ်ကတည်းက ဆုံးဖြတ်ချက်ချခဲ့သည်။

ထိုကြည်နူးစရာ အိပ်မက်ထဲက ရိပ် ပြန်လန့်နိုးလာချိန်၌ ဝုန်းခနဲ ထထိုင်လိုက်ကာ သူ့ခပ်လှမ်းလှမ်းရှိ ကုတင်ထက်၌ အိပ်နေပြီဖြစ်သည့် တေဇအား လှမ်းကြည့်လိုက်သည်။

ထို့‌နောက် တေဇကုတင်ဖက်သို့ ထလျှောက်လာကာ တေဇ အိပ်နေတာ သေချာချိန်၌ သူ ထိုအမျိုးသား၏ ကုတင်ထက်သို့ တိတ်တဆိတ် တက်လိုက်၏။ ပက်လက်အိပ်နေသည့် တေဇနား၌ ရိပ် တိုးတိတ်စွာ လှဲချလိုက်ကာ တေဇကိုကြည့်ရင်း မျက်ရည်တွေတွေကျလာ၏။

သူ ကိုကို့အား လှမ်းဖက်လိုက်ချင်နေသော်ငြား မလုပ်ရဲသေး။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now