part-1

695 13 0
                                    

မိုးရွာနေတဲ့​နေ့တစ်နေ့ပေါ့..အင်း.မိုးနဲ့အတူ အရှိန်အဟုန်ပြင်းစွာ ညို့မှိုင်းခြင်နေသည့်စိတ်ခံစားချက်တွေ တိမ်ညိုတွေလိုရွာခြခြင်နေသည့် မျက်ရည်တွေ....ဒီနေ့နဲ့ကိုယ်ဟာတစ်ထပ်သားထဲဖြစ်နေပါကလား။

"ညီမ....ခဏ"

သူမဓာတ်လှေကားအားခလုတ်နိုပ်ဖို့ပြင်လိုက်ချိန်မိန်းကလေးတစ်ယောက်ကအပြေးလေးဓာတ်လှေကားထဲဝင်ရောက်လာသည်။
သူမလည်း...ငြိမ်နေလိုက်မိသည်။

မိန်းကလေးကသူမသွားရမည့်အထပ်ကားနိုပ်တာကိုမြင်လိုက်ရပေမယ့် မြင်ကွင်းတွေက ဝေဝါးဝါးရယ်။

"အဟင့်"။ (ငိုရှိုက်သံ)

"ညီမဘာဖြစ်လို့လဲ။"

သူမစိတ်မထိန်းနိုင်စွာ မအောင့်နိုင်စွာငိုခြမိသည်။ရှက်စိတ်လည်းမရှိနိုင်တော့။
နာကျင်စရာခံစားချက်တွေအား မြိုသိပ်ထားရတာဟာ သူမအတွက် အခတ်ခဲဆုံးအလုပ်ပေမဟုတ်လော။

သူမထိုင်ခြကာ....ရှိုက်ကြီးတစ်ငင်ငိုခြမိတော့
အမကသူ့နည်းတူထိုင်ခြကာ......။

"ဟို....အမ..ညီမနဲ့မရင်းနှီးသေးပေမယ့်...။"

အမစကားကြောင့်...ထိုအမအားကြည့်လိုက်မိတော့ နက်မှောင်နေသော လှိုင်းတွန့်ဆံနွယ်တွေအား ဖြေလျော့စွာ ထုံးထားကာ ဘေးနား၌ဆံနွယ်များအနည်းငယ်ကျနေသည်က
ဂန္တာဝင်ပန်းချီကားတစ်ချပ်ရဲ့ အလှအပလိုပင်။

မျက်မုန်ဝိုင်းလေးအားတပ်ထားကာကြည့်ကောင်းသည်ထက် ချောလှသော မျက်နှာအချိုးအစားလေးဖြင့်။
မျက်ဝန်းကျယ်ကျယ်တွေက ရွှန်းလဲ့စွာ နှာတံရှင်းရှင်း နုတ်ခမ်းပါးဖူးဖူးလေး ထို့အပြင်ညာဘက်ပါးပြင်ပေါ်မှမှည့်နက်ကလေး ထိုအမနားမှလည်း ချိုမြမြအနံ့လေးဟာလည်း
စွဲကပ်လျက်။စာအုပ်တွေအားလက်တစ်ဖက်ဖြင့်ပိုက်ထားရက်သား။

"ညီမသာအဆင်ပြေမယ်ဆို..အမဖက်ထားပေးရမလား။"

သူမအားပြောနေသည့်အသံများဟာ အေးအေးလေးသာ..။

သူမလည်းတစ်ခါမှမတွေ့မမြင်ဖူးသည့်အမအား..ဖက်လိုက်တော့...ထိုအမက သူမရဲ့ကျောပြင်အားဖွဖွလေးပွတ်သပ်ပေးလာပြီးနုတ်ခမ်းဖူးဖူးလေးမှလည်း။

#sweet thing# or My Treasure❤Where stories live. Discover now