part- 9

133 5 0
                                    

......မှီမှာ....မှီမပြောမီမာမီအားတစ်လှည့်ဒယ်ဒီအားတစ်လှည့်ကြည့်လိုက်သည်။

"မှီအရမ်းချစ်ရတဲ့သူရှိတယ်။"

အမေကမှီ့စကားအဆုံးမှာရင်ဘက်အားဖိကိုင်လျက်စိတ်ပြေသွားသည့်ပုံစံဖြင့်.သက်ပြင်းခြကာမှီအားပြုံးပြီး...။

"သမီးရယ်မာမီကဘာများလဲလို့.....အဲ့တာအမေတို့ဘယ်လိုလုပ်ပေးရမလဲကွယ်..သမီးချစ်သူကို အိမ်ခေါ်လာလေ.....အမေတို့နဲ့မိတ်ဆက်ပေးပေါ့ကွယ်။"

"မိန်းမသမီးပြောတာမဆုံးသေးဘူးလေ...။"

မှီဒယ်ဒီက......သိ၍.ထင်သည်အမေ့စကားများအားတားပေးသည်။

".....သမီးဆက်ပြော....။"

"ပြီးတော့သူကယောက်ျားလေးတစ်ယောက်မဟုတ်ဘူး..မှီ့လိုပဲမိန်းကလေးတစ်ယောက်ပါ..။"

"ဘာ ! "

အမေ့အသံကြောင့်......စိုးထိတ်သွားမိသည်။

"သမီး....ဘာတွေပြောနေတာလဲ....သမီးကမိန်းကလေးလေ......မိန်းကလေးခြင်းချစ်လို့မရဘူးသမီးမာမီသဘောမတူနိုင်ဘူးနော်.....။"

မာမီစကားများကြောင့်မိန်းကလေးခြင်းဖြစ်သည့်အလျောက်..မှီချစ်ရသည့်လူကsingle mother တစ်ယောက်ဖြစ်နေသည်ဆိုသည်အားသိသွားလျင်ဖြင့်အခြေအနေပို၍.ဆိုးရွားသွားနိုင်ဖွယ်ရှိနေသည်။မှီကတော့ဘယ်သူတွေဘယ်လိုတားတား..ကလေးကိုလက်မလွှတ်တော့ဘူးလို့တစ်ထစ်ခြဆုံးဖြတ်ထားပြီးပြီလေအဲဒီဆုံးဖြတ်ချက်အားသူမပြန်ပြီး.ပြင်ဆင်ဖို့အတွက်စိတ်ကူးထဲမှာတောင်ယောင်၍တောင် အစီစဥ်မရှိတော့..။ဘာကြောင့်ဆိုကလေးနဲ့ထပ်များသာဝေးသွားခဲ့လျင်ဖြင့်..မှီသေရင်သေမသေရင်ရူးသွားနိုင်ပါသည်။အဲ့လောက်ထိရူးမတတ်ငယ့်အားချစ်နေခဲ့ပြီးပြီမို့ဖြစ်လာသမျှအရာရာအားဖြတ်ကျော်နိုင်ရမည်လေ။

"အင်း.....​ဖေ့သမီးချောလေးရဲ့မာနတခဲသားလေးရဲ့အသစ်ဆက်ဆက်အသည်းနှလုံးကိုယူသွားနိုင်တဲ့ကလေးမလေးကိုတော့ဒယ်ဒီဖြင့်အထင်ကြီးသွားပြီကွယ်။"

"ကို ကလေးကို မမြောက်ပေးနဲ့လေဒါမျိုးကမြောက်ပင့်သင့်တဲ့အရာမဟုတ်ဘူးနော် ကို......။"

#sweet thing# or My Treasure❤Where stories live. Discover now