part-13.1

115 7 0
                                    

အဲ့နေ့ကမှီငယ့်ကိုမိဘတွေနဲ့သာပေးမတွေ့ခဲ့ရင်...ဒီလိုကံကြမ္မာဆိုးတွေကမှီတို့ချစ်သူနှစ်ယောက်ကြားထဲဝင်လာလောက်မှာ..မဟုတ်ဘူး။မှီအတွေးတွေအရမ်းမှားယွင်းသွားခဲ့တယ်။
"မ....ရောက်ပြီ.....။"

"ဟင်....အင်....ရောက်ပြီလား.......။"

မှီဘယ်လိုအိပ်ပျော်သွားသည်မသိ......။
သားလေးအားနိုးလိုက်ကာ..လက်ဆောင်တွေယူပြီးကားပေါ်မှဆင်းလိုက်သည်။

" သမီး မာမီပြောစရာရှိတယ်......။"

ချစ်တို့အမအိမ်သို့ရောက်သွားခြင်း....အမလက်အားဆွဲခေါ်သွားသည့်အမရဲ့မေမေကြောင့်.....ကြောင်လျက်သားဖြစ်သွား၍..အမကတော့ချစ်အားလှည့်ကြည့်လှည့်ကြည့်ဖြင့်....အန်တီဆွဲခေါ်
သွားရာနောက်အား..ပါသွားရှာသည်။
ချစ်လည်းအနည်းငယ်စိုးရိမ်သွားရသည်။

"မေမေ......အဆင်ပြေရဲ့လားဟင်.....။"

သားလေးကချစ်လက်အား....ဆုပ်ကိုင်ရင်းမော့ကြည့်ကာ..မေးသည်။ချစ်လည်းသားလေးရဲ့လက်အားနဂိုထက်တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီးစိတ်အားအတတ်နိုင်ဆုံးဖြေလျှော့နေရသည်။

"ညီမလေး...အိမ်ထဲဝင်ပါအုန်း.....။"

အိမ်ဖော်လို့ထင်ရသည့်...ဝဝဖြိုးဖြိုး.အသားညိုသည့်အဒေါ်တစ်ယောက်က......ပြောတော့....ချစ်ထိုအဒေါ်အားပြုံးကြည့်လိုက်ရင်း......

"ဟုတ်ကဲ့...........။"

"ထိုင်ကြပါအုန်း.....။"

ချစ်လည်းဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်ပြီးလက်ဆောင်အိတ်တွေအားစားပွဲခုံပေါ်တွင်တင်လိုက်သည်။ထိုအဒေါ်ကထွက်သွားကာ..ဗန်းလေးတစ်ခုဖြင့်ပြန်လာ၍အငွေ့ထောင်းထောင်းနှင့်ကော်ဖီခွက်အားခြပေးပြီး..သားလေးအားနွားနို့ခွက်ကိုသားလေးရှေ့ခြပေးသွားပြီး..သားလေးအားချစ်စနိုးဖြင့်...ပြုံးကြည့်ပြီးပြန်ထွက်သွားသည်။

.ချစ်လက်အားခပ်တင်းတင်းဆုပ်ကိုင်ထားသောသားလေးအားပြုံးကြည့်လိုက်ရင်း....

"သားလေးကြောက်နေတာလား.......။"

"ဟင့်အင်း...........မေမေရှိနေတာပဲ......။"

#sweet thing# or My Treasure❤Where stories live. Discover now