part - 12

202 10 0
                                    

"မာမီ..သားသားပျင်းတယ်.....။"

သူမတို့ Hotelတစ်ခုတွင်.......

.ငပလီကကမ်းခြေကိုရောက်နေတာဖြစ်ပြီး.........ကလေးကတော့ရောက်ကတည်းက...အလုပ်စားပွဲပေါ်မှာထိုင်ပြီး..စာရွက်စာတမ်းတွေကိုဖြေရှင်းလိုက်ဖုန်းဆက်လိုက်လုပ်နေသည်မှာအခုချိန်ထိပင်။မှီနဲ့သားလေးတောင်တစ်နေကုန်နေပူစာလှုံပြီး.....ရေကစားပြီးလို့မောပန်းသွားကြပြီဖြစ်၍ညနေစာစား၍ နားနေကြချိန်ဖြစ်သည်။
မှီလည်းငယ်စိတ်အနှောက်ယှက်ဖြစ်ပြီးအလုပ်ကိစ္စအမှားအယွင်းဖြစ်မှာစိုး၍သားလေးအားငယ့်ကိုသွားမနှောက်ယှက်ဖို့ပြောထားရသည်။
သားလေးကမှီ့လဲလျောင်းမှီထိုင်ကာစာဖတ်နေသည့်ကုတင်ပေါ်တက်လာကာ.ခေါင်းအုံးလေးကို လက်ထောက်ပြီး... စူပုတ်ပုတ်လေးပြောလာသည်။
ဟုတ်သည်လေသူလေးလည်းပျင်းလောက်ရောပေါ့မှီမတွေးလိုက်မိဘူး...။စာပဲဖတ်နေမိခဲ့တာ။
မှီလည်းဖတ်နေသည့်စာအုပ်နှင့်တပ်ထားသည့်မျက်မှန်ဝိုင်းလေးအား
ကုတင်ဘေးနားကစင်ပေါ်တင်ကာ.....သားလေးရဲ့မျက်နှာခြင်းဆိုင်အားလုပ်ထိုင်လိုက်ပြီး pillowလေးကိုပေါင်ပေါ်တင်လိုက်ကာသားလေးအားပြုံးကြည့်လိုက်ပြီး

"သားလေးကပျင်းနေတာလား ဟုတ်ပြီ....မာမီတို့ကစားနည်းတစ်ခုကိုလုပ်ကြရအောင်လေ ဘယ်လိုလည်း....။"

"အင်း...ဘယ်လိုကစားနည်းမျိုးလည်းမာမီ...."

ကော်ပီလေးကမှီ့စကားကြောင့်စူပုတ်နေရာမှ...မျက်နှာလေးကချက်ခြင်းပြုံးရွှင်လာကာအားတက်သရော်မှီ့အားမေးခွန်းထုတ်လာသည်။

"ဒီလိုကွာ..မာမီတို့ကျောက်တုံး.ကတ်ကြေးစက္ကူကစားကြမယ်..နိုင်သွားတဲ့သူကရှုံးတဲ့သူကိုနဖူးတောက်ရမယ်ဘယ်လိုလည်း...။"

"အင်း အဲ့ဒီကစားနည်းသားသားသိတယ်...ကစားကြမယ်လေ..။"

"စပြီနော်..!"
"ဟုတ်..!"

မှီတို့နှစ်ယောက်လက်အားနောက်သို့ပို့ကာတစ်ယောက်နှင့်တစ်ယောက်အပြုံးမျက်နှာတို့ဖြင့်အကဲခတ်နေကြသည်။မှီလက်ချောင်းလေးတွေအသုံးပြုကာ.သုံးထိရေတွက်လိုက်ပြီးပြည့်သွားတော့။

#sweet thing# or My Treasure❤Where stories live. Discover now