part-8

126 5 0
                                    

အမေကိုလိုခြင်တော့.....ကလေးအားကပ်ရမည်လေ........သူမကိုဝိုင်းကြည့်နေ
ကြလည်းသူမဂရုမစိုက်ပါ...။
ကလေးများအား ကျောင်းလွှတ်သည့်အချိန်ကိုအလုပ်များအားပြစ်ထားခဲ့ကာစိတ်ရှည်ရှည်နှင့်စောင့်နေမိသည်။
ကလေးများဆူညံသံနှင့်အတူ.စုအုံစွာပြေးထွက်လာကြတော့မှသူမလည်း......ငယ့်ကလေးအား....နေကာမျက်မုန်အားချွတ်ကာ...ရှာမိသည်။
တွေ့ပါပြီ...

ငယ့်ရဲ့ကိုယ်ပွားလေး........။

ကလေးကဆရာမတစ်ယောက်နဲ့အတူကျောင်းဝန်းပြင်ပအားထွက်လာသည်။
ကြည့်ရတာဆရာမများရဲ့အချစ်တော်ထင်ပါသည်လေ.......။
မှီထိုကလေးနှင့်ဆရာမဆီအားသွားလိုက်သည်။
ဆရာမကသူမအား..မျက်တောင်မခတ်တမ်းကြည့်နေတော့....။

"ကျွန်မမျက်နှာပေါ်မှာတစ်ခုခုပေနေလို့လားဆရာမလေး..........။"

"အော်....မဟုတ်ပါဘူးရှင့်...ချောလို့ကြည့်မိတာပါတစ်ခါမှအမလောက်ချောတဲ့လူမမြင်ခဲ့ဖူးဘူး။ဒါနဲ့အမက.......။"

"အော်..အင်း..ဒီကလေးကိုလာကြိုတာလေ။"

"ဟုတ်လား..ဒါဆိုလာကြိုနေကျ..လာကြိုနေကြတစ်ယောက်ရော....။"

"အော်သူကလားအလုပ်မအားလို့တဲ့.........။"

မှီမုသားများအားကလေးကြောင့်ဟန်ဆောင်ကာပီပီရိရိပြောနေရသည်။လိမ်တဲ့နေရာမှာမကျွမ်းကျင်ပေမယ့်လဲပေါ့...ဆရာမကမှီစကားအားယုံသွားသည်ထင်သည်။လွယ်သားပဲ...။
ထိုဆရာမကထိုင်ခြကာ

".သားသားဦးဦးကအလုပ်မအားလို့တဲ့လာမကြိုအားဘူးကွယ့်ဒီကမမနဲ့လိုက်သွားရမယ်နော်။"

ကလေးကဘာမှပြန်မပြောပဲမှီအားတစ်လှည့်ဆရာမလေးအားတစ်လှည့်စီကြည့်ကာခေါင်းညိမ့်ပြသည်။

"ကယ်....သွားကြရအောင်ကွယ်...။"

သားသားလေးလက်အားဆွဲကာထွက်လာလိုက်တော့ဆရာမလေးကသားသားအားပြုံးပြကာလက်ပြနုတ်ဆက်လေသည်။
ကလေးအားခါးပတ်ပတ်ပေးလိုက်သည်။

"သားသား.......။"

ပြန်မထူးပေ....မှီ့အားပြောလေဆိုသည့်အကြည့်ဖြင့်အေးစက်စွာကြည့်လာသည်။ကလေးကချည်းကပ်ရခပ်မည့်ပုံပါပင်....။

#sweet thing# or My Treasure❤Where stories live. Discover now