part-13.2

158 9 0
                                    

".ဟယ်လို....အင်းချစ်ကဒ်ပြောင်းထားလို့...ဒီနံပါတ်ကိုပြန်ပြောင်းမှတ်ထားပေးပါနော်...နောက်ပြီးပရောဂျက်ဖိုင်ကိုချစ်ဆီလာပို့ပေးပါ..အင်း ဒါပဲနော်....။"

ချစ်ပြောပြီး​ဖုန်းအားပြန်လည်ခြလိုက်သည်။
အမအိမ်ဆီကပြန်လာပြီးတဲ့နေ့တည်းက...စိတ်နဲ့ကိုယ်မကပ်နေပဲ..ရေအကြာကြီးချိုးမိသွားလို့.. အအေးမိပြီးဖျားသွားခဲ့ရသည်။
.အပူချိန်တိုင်းထားသည့်...ကိရိယာအားယူကြည့်လိုက်တော့ 38.6 degrees ရှိနေသည်။
ဝတ်ထားသည့်အက်ျီကြယ်သီးအားပြန်ပြင်တပ်ကာ.....​မွှေ့ရောပေါ်..လဲလျောင်းအိပ်လိုက်သည်။
မျက်လုံးများမှေးစင်းကာ...ပင်ပန်းချိနဲ့၍အိပ်ခြင်နေပေမယ့်....အိမ်မက်ထဲတွင်...သူမအားနောက်မလှည့်​
ကြည့်စတမ်းထွက်သွားတတ်သည့်...ပုံရိပ်လေးကြောင့်အိပ်စက်ရမှာကိုပင်ကြောက်ရွံ့နေမိသည်။
ပိုင်ဆိုင်ရပြီးသည်မှဆုံးရှုံးသွားရသည်ခံစားချက်ကိုဘာနဲ့မှမဖြည်ဆည်နိုင်...အရမ်းပင်ပန်းနေ၍......ခဏလောက်ဖြစ်ဖြစ်စိတ်နဲ့ကိုယ်ခန္ဓာအားအနားပေးခြင်နေပေမယ့်ခြေအနေကခွင့်မပြု......။

"ဟင်း.....ဘာကြောင့်လည်း.......။"

ချစ်ဒီတိုင်း.......မှိုင်ထွေးနေလို့လည်းကိစ္စတွေကအဆင်ပြေသွားမှာမဟုတ်.....ထို့ကြောင့်...ထလိုက်ကာ...တစ်ယောက်ယောက်ဆီသို့ဖုန်းထိုးလိုက်သည်။

"ဟယ်လို......အင်း....ချစ်ကိုအဲ့ကိစ္စလေးသေချာစုံစမ်းပေးပါ..။သိရင်အကြောင်းပြန်ပေးပါနော်။.အင်း.........
ဒါပဲ....။"

"အကြောင်းအရင်းတွေကဘယ်ကနေစတင်ခဲ့တာလည်းချစ်ဘယ်နေရာကမှားယွင်းသွားခဲ့တာလည်း.......။"
ခေါင်းကလည်းနေမနိုင်အောင်ကိုက်နေပြန်သည်။
အိပ်ရေးပျက်ထားတာမို့...တစ်ရေးလောက်အိပ်ရမည်။အဲ့တာမှ....ကိစ္စတွေကိုဖြေရှင်းနိုင်ဖို့အတွက်...အားရှိပြီးစိတ်ကလန်းဆန်းနေမှာ.....။
သူမကြိုးစားအိပ်ပျော်နိုင်အောင်အိပ်လိုက်သည်။အကြောက်တရားဆိုတဲ့အရာကကိုယ့်စိတ်နဲ့သာသက်ဆိုင်ပြီး..ပို၍ကြောက်ရွံ့မိလေ.အားလုံးကိုဝါးမြိုလေမဟုတ်လား....။အမကိုဆုံးရှုံးရမှာချစ်အရမ်းကြောက်ပါသည်။ဒါပေမယ့်ထိုအကြောက်တရားဆိုတဲ့အားနည်းချက်ကိုအကောင်းဘက်နည်းလမ်းပြောင်းလိုက်ရင်..ချစ်မှာကြိုးစားခွင့်တော့ရှိသေးတယ်မလား......။
ချစ်နားထင်တစ်ဖက်အား.လက်တစ်ဖက်ဖြင့်ဖိချေကာ.....လက်တစ်ဖက်မှာတော့ကွန်ပျူတာခလုတ်တွေအားဖိနိုပ်နေပြီး.product အသစ်ကြောင်းအားစီစစ်နေသည်။

လင်းပိုအောင်......lemon ဖျော်ရည်ခွက်လေးအား...ချစ်ရဲ့အလုပ်စားပွဲပေါ်ခြပေးလိုက်တော့....ချစ်ကကွန်ပျူတာမျက်နှာပြင်အား..အကြည့်မလွှဲစတမ်း.......ဖျော်ရည်ခွက်အားကိုင်ကာ...တစ်မော့မျှသောက်ပြီး....ပြန်ခြကာ.အလုပ်သာပြန်လုပ်နေသည်။

"ချစ်လိုအပ်ရင်ခေါ်လိုက်နော်ကိုအပြင်မှာရှိနေမယ်။"

အခန်းထဲတွင်ကွန်ပျူတာစာရိုက်သံနာရီအသံမှလွဲ၍အရာအားလုံးဟာတိတ်ဆိတ်နေသည်။

ပြန်ဖြေကြားခြင်းမရှိတဲ့ချစ်ကြောင့်လင်းပိုအောင်အလိုက်တသိပင်..အပြင်သို့ထွက်လာလိုက်တော့သည်။

လင်းပိုအောင် office ထဲတွင် phone callတစ်ခုလာသည်ကြောင့်ကိုင်လိုက်တော့ကြားလိုက်ရသည့်အသံကြောင့်မျက်နှာဟာတင်းမာသွားရသည်။

"ကို သူဌေးနဲ့ပြောခြင်တယ်..သူဌေးကိုဖုန်းလွှဲပေးပါ။"
"ဘာကိစ္စမို့လဲ....ကျွန်တော်နဲ့ပဲ..ဖြေရှင်းရင်ရတယ်မလား...။"
လင်းပိုအောင်အသံမှာတင်းမာနေလျက်ရှိနေသည်။

"အော်....မင်းပဲ...အဟားဟား.အချစ်သူရဲကောင်းကြီး.........။"ဒါပေမယ့်ပိန်းလွန်းတယ်.....ကိုမင်းကိုကျေးဇူးတင်စရာရှိတယ်..မင်းလုပ်လိုက်တဲ့ကိစ္စကြောင့်ကို့အတွက်..အခွင့်ရေးရှိသွားလို့လေ...။"

လင်းပိုအောင်ထိုသူ့စကားကြောင့်..လက်သီးအားခပ်တင်းတင်းဆုပ်ကာ..အံကြိတ်လိုက်မိသည်။ဘာမှတော့ပြန်မပြော......။

"ကိုတိုက်ရိုက်ပဲ..တွေ့တော့မယ်...ဘာကြောင့်ဆိုချစ်သဲငယ်နဲ့ကို့ရဲ့ကြားထဲမှာကြားခံနယ်တွေမလိုအပ်ဘူးလေ။"

"တီ.............။"

"တောက်စ်....!။"

ဖုန်းအားဒေါသစိတ်နဲ့ကြမ်းတမ်းစွာ.ခြမိလိုက်ပြီးတောက်ခေါက်လိုက်မိသည်။
ဒီကောင်ဘာဖြစ်ခြင်နေရတာလည်း........။
ချစ်နာရီအား...လှမ်းကြည့်လိုက်သည်။night time OTဆင်းရသည်ကြောင့်..မည်သူမျှမပြန်ကြသေးပါ။
ဝန်ထမ်းများအလုပ်လုပ်ရာ hall ထဲသွားလိုက်တော့.....ကိုယ်စီအကြံပေးတိုင်ပင်အလုပ်လုပ်နေကြသော...ကြိုးစားလှသည့်ဝန်ထမ်းများကြောင့်ကျေနပ်ပြုံးပြုံးမိသွားသည်။

To Be Continue.......

တစ်စုံတစ်ရာအမှားပါသွားခဲ့သည်ရှိသော်တောင်းပန်အပ်ပါသည်။ဖတ်ရှုပေးကြတဲ့ reader တစ်ယောက်ခြင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်။









#sweet thing# or My Treasure❤Where stories live. Discover now