part-2(zawgyi)

71 0 0
                                    

"ဒေါက်ဒေါက်။"(တံခါးခေါက်သံ)

"လာပြီရှင့်။"

ချိုမြသောအသံလေးနှင့်အတူတံခါးဖွင့်လာသည့်အမ....

"အော် ငယ်ပဲ....လာလေကွယ်။"

အမခေါ်သည့်တိုင်မဝင့်မရဲဖြင့်ဝင်မိသည်။
တိုက်ခန်းထဲမှ အပြင်အဆင်များက သေသပ်စွာ.....အမဟာ အသန့်ကြိုက်သည့်သူပင်ဟုတ်မည်......အားလုံးဟာ သန့်ရှင်းသေသပ်လှပလျက်စွာပင်။

"အမ ရော့..။"

"ဟော့ကွယ် အားနာစရာကွယ်။"

အမအားနန်းကျီးသုတ်အားကမ်းပေးတော့...အားနာစွာ ရေရွတ်သည်။

"အားမနာပါနဲ့ အမရဲ့ အမကြိုက်ရဲ့လားတော့မသိဘူးရှင့်။"

"ဘာမို့လို့လဲငယ်ရဲ့။"

"နန်းကျီးသုတ်လေ။"

"ကြိုက်ပါ့ရှင်...ကျေးဇူးပါငယ်....။"

အမက....ချစ်အား ဆိုဖာပေါ်တွင်ထိုင်ခိုင်းသွားကာ...သူမကတော့မီးဖိုခန်းထဲသို့ ဝင်သွားသည်။
ချစ်ကတော့ လှပသေသပ်လျက်ရှိသော....ဘုရားခန်းလေးနှင့် ပြောင်လျက်ရှိသော ကြမ်းပြင်လေး တစ်ခို့ချစ်စရာကောင်းလှသည့် ပရိဘောဂများအား သဘောကျစွာ ပြုံးကြည့်လျက်ပင်.......။

အမကပြန်ထွက်လာကာ......လက်ထဲမှာလည်းဗန်းလေးဖြင့်.....။

"ညီမကြိုက်လားတော့မသိဘူးကွယ်...black coffeeလေး။"

"ကျေးဇူးပါရှင့်..ညီမကြိုက်ပါတယ်။"

အမက...ချစ်ဘေးနားမှာဝင်ထိုင်သည်။

"ဒါနဲ့ ငယ့်ကြည့်ရတာ အရမ်းဝမ်းနည်းနေသလိုပဲ အဆင်ပြေရဲ့လားကွယ်။"

အမကိုကြည့်ပြီး ကို့အား သတိရမိသည်ကြောင့်....သတိလက်လွတ်ငေးငိုင်မိစဉ် အမစကားကြောင့် လက်ရှိအခြေအနေထဲပြန်ရောက်သွားကာ.....။

"အင်း...ချစ်အဆင်ပြေပါတယ်..မသော်တာကျေးဇူးပါ။မသော်တာကဒီကိုအပြီးပြောင်းလာတာလားဟင်။"

အခြေအနေတိတ်ဆိတ်သွား၍ ချစ်စကားလမ်းကြောင်းပြောင်းကာ သိခြင်သည်အားမေးလိုက်ရသည်။

"အင်း.....အမကအလုပ်ကိစ္စတစ်ခုကြောင့်ပေါ့ကွယ်။အခြေအနေရပါပဲကွယ်....။ငယ်ကောဒီကိုအပြီးလား။"

#sweet thing# or My Treasure❤Where stories live. Discover now