part-5

138 4 0
                                    

.........ငယ့်မျက်ဝန်းအားဆုံကြည့်လျက်....ရင်ဘက်ထဲမှာလည်းမွန်းကြပ်လာသည်။မသိစိတ်ကဖြစ်နေသည်ဟု မှတ်ချက်ပေးရမလား....။ငယ်ကသူမအားနုတ်ဆက်စကားကိုသွယ်ဝိုက်ပြီးပြောနေသည်လေ...။
အောက်နုတ်ခမ်းအားဖိကိုက်ထားလျက်..မျက်ခုံးများအားစုထားမိသည်။
ငယ်ကတော့သူမအားမျက်ဝန်းအဝိုင်းသားဖြင့်ကြည့်လျက်.......

"သွားတော့မယ်..။"

ထထွက်သွားသောအမအားကြည့်ကာမတားရက်..သက်ပြင်းရှည်သာခြမိသည်။

"မှီ.......ဘာဖြစ်လို့လဲ..........ဇာတ်ကားမကြိုက်လို့လား....။အခုကိုမြတ်နှင့်မှီ....ရုပ်ရှင်ရုံထဲတွင်.......။"

မှီကတစ်ခုခုအလိုမကျဟန်ဖြစ်နေသည်ကြောင့်မေးလိုက်ခြင်းပေ....။

"မဟုတ်ပါဘူး..ကိုမြတ်ရဲ့......ကြည့်လို့ကောင်းပါတယ်။"

ငယ့်အကြောင်းတွေခေါင်းထဲရောက်နေတုန်း.....ဇာတ်ကားထဲဆီကိုစိတ်ကမရောက်.......။
မှီမျက်လုံးထဲတွင်...သူမတို့ဘေးက.အတွဲခုံပေါ်တွင်ထိုင်နေသောမိန်းကလေးနှစ်ယောက်...။လာကတည်းကထူးဆန်းနေသည်။သာမာန်သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးမျိုးလည်းမဟုတ်.....။
တစ်ယောက်က....ဟိုတစ်ယောက်ပေါ်ခေါင်းမှီထားပြီး...မုန့်လေးတွေခွံကျွေးလိုက်......ပုခုံးအမှီခံထားရသည့်တစ်ယောက်ကလည်း.......ဟိုကောင်မလေးခေါင်းအားမွှေးမွှေးပေးလိုက်ဖြင့်...အတော်ပင်ကြည်နူးဖို့ကောင်းနေသည်။
ရုတ်တစ်ရက်ကျောင်းသူဘဝတုန်းကသူငယ်ချင်းတွေနားကကြားဖူးသည့် rumor တစ်ခုကိုတောင်သတိရမိသွားသည်။
မိန်းကလေးခြင်းတွဲသည်ဆိုအား.....အဲ့ဒီစကားကြားတုန်းက
မှီတောင်အံသြမိပြီး.....ဘယ်လိုတွေလဲဆိုပြီးနားမလည်နိုင်ဆိုမိသေးသည်။same gender
ချစ်သူတွေကို.....lgbtဆိုလားဘာလား...........။မှီသိထားသည်က.......မိန်းကလေးနဲ့ယောက်ျားလေးသာ...ပေါင်းဖက်ရမည်.....ဆန့်ကျင်ဘက်လိင်ကိုပဲကြိုက်ရမည်ဟုသာအတတ်သိထားလေသည်လေ။
အဲ့အချိန်ကသူငယ်ချင်းတွေကကြက်သီးတောင်ထတယ်...အော်ကလီဆန်တယ်ဆိုပြီးတောင်....အခြင်း
ခြင်းအဲ့ဒီတိုင်းစနောက်ကြရင်ပြောကြသေးသည်။
အခုကြည့်တော့လည်းတစ်မျိုးလေးချစ်စရာကောင်းနေသည်ဟုပင်...တွေးမိသေးသည်။လူသားအခြင်းခြင်းချစ်တာပဲရွံစရာမှမဟုတ်ပဲ......အချစ်ကိုအချစ်လို့ပဲ.မြင်ရင်အရာရာဟာလှပနေတာပဲ......။
နှစ်ယောက်လုံးကမိန်းကလေးပုံစံပဲဖြစ်ပြီးချစ်စရာလေးတွေပင်,
မှီလည်းသူတို့နေရခတ်မည်ကြောင့်..ပြနေသည့်ဇာတ်ကားကိုသာအာရုံပြန်လွှဲလိုက်သည်။
မှီ..ဘယ်ကိုသွားခြင်သေးလဲ...။ဟင့်အင်း...မှီအိမ်ပြန်ခြင်တယ်.ဘယ်နေရာမှသွားခြင်စိတ်မရှိတော့ဘူး....။
ဟုတ်ပါပြီ.....။
တိုက်ခန်းအောက်သို့ရောက်တော့..မှီကိုမြတ်အားနုတ်ဆက်ကာ.....အထပ်6အား.ဓာတ်လှေကားဖြင့်တက်လာလိုက်သည်။
ကလေးအခန်းတံခါးရှေ့မှာခေတ္တခဏဖြင့်ရပ်ကာ....ကြည့်နေမိသည်။

#sweet thing# or My Treasure❤Where stories live. Discover now