part-14(uni)

116 7 0
                                    

"မင်းဘာဖြစ်နေလည်း.....။"

မြတ်အောင်..ဆန်ပြုတ်ဘယ်လိုမှတိုက်၍.မရသောကြောင့်စိတ်ပူပြီးဒေါသထွက်မိသွားသည်။

"ရှင့်ကိုကျွန်မမတွေ့ခြင်ဘူး...ထွက်သွားလိုက်ပါ။"

ပန်းကန်ကိုတွန်းဖယ်ကာ..တစ်ဖက်သို့မျက်နှာလှည့်၍ပြောလိုက်သည့်အသံဟာ အားပျော့စွာပင်။
မအိပ်ရမစားရသည်ကြောင့်ခန္ဓာကိုယ်လေးမှာပိန်လီနေလျက်ရှိကာ...နဂိုကနုတ်ခမ်းရဲရဲလေးဟာလည်း...ဖြူဖျော့နေလျက်ရှိသည်။
မြတ်အောင်စိတ်အားလျှော့လိုက်ကာပန်းကန်ကိုစားပွဲ
ပေါ်ပြန်တင်ပြီးသူ့ကိုတစ်ဖက်သို့မျက်နှာလွှဲ၍ကျောခိုင်းထားသော...မှီ့အားလေးနက်စွာစိုက်ကြည့်လိုက်ကာ...။

"ဟုတ်ပြီ.. ကို ထွက်သွားပေးပါ့မယ်ဒါပေမယ့်...အစာလေးတော့ဝင်အောင်စားလိုက်ပါနော်......။"

မှီဟာ...သူ့ကိုပြန်ဖြေကြားခြင်းမရှိငြိမ်သက်လျက်ပင်ရှိနေသည်။
မြတ်အောင်သက်ပြင်းရှိုက်ကာ

"ဒါဆို...ကို့ကိုခွင့်ပြုပါအုန်း...။"

တံခါးအားပြန်စေ့ကာ..မှီ့အားနောက်ဆုံးတစ်ခါထပ်ကြည့်ပြီး...ထွက်လာလိုက်တော့သည်။
အိမ်အောက်သို့ဆင်းလာတော့...မှီ့ရဲ့ဖေဖေနဲ့မေမေစကားပြောသံများအားကြားလိုက်ရသည်။

"ကို...ကျွန်မတို့မှားပြီထင်တယ်...အခုဆိုသမီးလေးက......မအိပ်မစားနဲ့ရောဂါရကုန်ရော့မယ်...။"

"ဟင်းသားသမီး..နာမကျန်းစိတ်မချမ်းမသာဖြစ်နေရင်မိဘတွေလည်းဘယ်ပျော်နိုင်ပါ့မလည်းကွယ်...အချစ်ကြီးလိုက်တဲ့သမီး......"

"ကိုယ်တို့....သမီးလေးရဲ့ကောင်မလေး
ရှင်းပြချက်ကိုနားထောင်သင့်တယ်ထင်တယ်.အဲ့နေ့ကသူ့မျက်လုံးတွေကိုကိုယ်..မသက်ာဖြစ်မိလိုက်တယ်.သမီးစိတ်တစ်ခုတည်းနဲ့...။"

"အင်း.......ဒါပေမယ့်.သားလေးမြတ်အောင်ကလည်းလိမ်ပါ့မလားရှင်။"

အရာအားလုံးဟာဘယ်သူ့ကြောင့်လည်းဆိုတာအဖြေမရှိ.....ဒါမှမဟုတ်...အမုန်တရားဟာပုန်းရှောင်နေလို့များလား...။

"အော်သား...လာထိုင်ကွယ်........။"
မြတ်အောင်ထိုစကားတွေကြောင့်...လိပ်ပြာမလုံသလိုဖြစ်နေမိပေမယ့်...ထိုလုပ်ရပ်ကြောင့်သူနည်းနည်းလေးတောင်နောင်တ
မရပါ။
မြတ်အောင်မှီဖေဖေနဲ့မေမေရဲ့မျက်နှာခြင်းဆိုင်တွင်ဝင်ထိုင်ကာ...ပျော့ပြောင်းသည်လည်းမဟုတ်တည်တံ့နေသည်လည်းမဟုတ် တဲ့မျက်နှာထားဖြင့်

#sweet thing# or My Treasure❤Where stories live. Discover now