part-4

154 3 0
                                    


ချစ်မှန်ထဲမှကိုယ့်ကိုပြန်ကြည့်နေသည်။
နှစ်လပိုင်းလောက်ရှိပြီဖြစ်သည်ကြောင့်ချစ်ရဲ့ရင်သွေးလေးရှိသည့်
ဗိုက်လေးဟာလည်းဆူဆူလေးဖြစ်လာလေပြီ။တစ်ခါမခံစားဖူးရသည့်မိဘနေရာအားခံစားလိုက်ရတော့သည်။
အဟင်း..သားသားလေးဖြစ်မလားမီးမီးလေးဖြစ်မလားကွယ်.......။မိခင်စိတ်ဖြစ်ပေါ်ကာ
..ဗိုက်လုံးလုံးလေးအားထိကိုင်ကာကျေနပ်မိသည်။
ကလေးလေးကကိုယ်နဲ့တူမလား..........ဘယ်လိုလေး
ဖြစ်မှာလည်း....ချစ်စရာကောင်းမှာတော့သေချာပါသည်။

±±±±±±±±±±±±±±±±±±±±±

မှီမိဘအိမ်အားအလည်လာရောက်၍
ကလေးဘေးနားတွင်မရှိနိုင်သည့်အချိန်အတွက်..ဖုန်းဆက်ပြောရသည်။သူမမနက်စာထချက်ပေးပြီးသွားလေပြီ....ကလေးနှင့်..တည့်သောစားစရာများကိုသာစားလိုသည်။ထို့ကြောင့်ကလေးမထခင်အရင်ထကာကြိုချက်ပြုတ်
ပြီး...ပြင်ဆင်ပေးထားခြင်း...သေသေချာချာစားဖို့မှာရသည်။ကလေးကစိတ်တော့ပျော့ပေမယ့်.မိခင်စိတ်တော့အပြည့်ရှိသည်ဟုပြောရမည်။လူငယ်သဘာဝအလျောက်မှားခဲ့ပြီး......အပြစ်မရှိသောကလေးအား....သူတို့အမှားအတွက်အပြစ်မဖြစ်စေပါ။
ကလေးမက လေးစားဖွယ်ကောင်းသည်ဟုဆိုရမည်..။

"သမီး......."

"ရှင်.ဘာပြောမလို့လဲမာမီ......"

"သမီးမေမေတို့နဲ့ဒီမှာအတူလာနေပါလားကွယ်....။"

မာမီက...သူမဘေးနားတွင်ဝင်ထိုင်ကာ...မှီ့လက်အားဆုက်ကိုင်လျက်ပြောသည်။

"သမီး..အဲ့ဒီမှာပဲနေခြင်လို့ပါမာမီရဲ့အလုပ်
နဲ့လည်းနီးတယ်လေ....။"
"မာမီတို့ဆီလည်း....လာလည်နေတာဘဲလေ...။"

".ဟုတ်ပါပြီသမီးရယ်...သမီးလေးကလက်ထပ်တော့မှာဆိုတော့...မေမေတို့​ကသမီးလေးနဲအတူတူနေရတုန်းနေ
ခွင့်ရခြင်လို့ပါကွယ့်.....လက်ထပ်ပြီးသွားရင်ငါ့သမီးလေးကအိမ်ခွဲနေတော့မှာလေ....။"

လက်ထပ်မယ်ဆိုတဲ့စကားကြားတော့စိတ်ထဲ..မသိုးမသန့်ဖြစ်မိသည်။

"မာမီ..အချစ်ဆိုတာဘာလဲဟင်......။"

"အိုကွယ်ဒီကလေးမလေးနယ့်..ဒီအရွယ်ထိရောက်နေပြီ ဘာမုန်းမသိဘူးလားဟမ်..။"

#sweet thing# or My Treasure❤Where stories live. Discover now