ဟောကိန်းထုတ်ခံရခြင်း

1.6K 85 20
                                    

စုဝေးခန်းမအဖြစ် ပြောင်းလဲထားတဲ့ ဖီးနစ်တော်၀င်တွေ့ဆုံခန်းရဲ့ လေထုက နွေးထွေးနေတယ်။ ယနေ့ကျင်းပတဲ့ မင်းသားလေး Nattawat ll တဖြစ်လဲ Fourth ရဲ့ နှစ်ဆယ့်ငါးနှစ်ပြည့် မွေးနေ့ပွဲကို ဆင်နွှဲဖို့အတွက် မွေးနေ့ရှင် မင်းသားလေးက သူရဲ့မိဘများဖြစ်တဲ့ ဖီးနစ်နိုင်ငံတော်ရဲ့ Alpha ဖခမည်းတော် ဘုရင်နဲ့ Luna မယ်တော်တို့ကြား ထိုင်နေပါတယ်။

ကြွရောက်လာတဲ့ ဧည့်သည်တော်များ စိတ်တိုင်းကျ စားသုံးနိုင်ဖို့ စားပွဲရှည်ကြီးပေါ်မှာတော့ စားကောင်းသောက်ဖွယ်တွေ ခင်းကျင်းထားလျက်ရှိတယ်။ ဖျော်ဖြေနေတဲ့ တေးဂီတဟာလဲ ယနေ့ညရဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုနေသည့်အလား။ မင်းသားလေး မွေးနေ့ပွဲကိုတော့ အရေးကြီးပုဂ္ဂိုလ်များအပြင် အိမ်နီးချင်းနိုင်ငံများမှ ဧည့်သည်အများအပြား တက်ရောက်ကြတယ်။ မွေးနေ့ရှင် အိမ်ရှေ့စံမင်းသားလေးရဲ့ ကြင်ယာတော်ဖြစ်နိုင်ဖို့ အိမ်ရှေ့စံရဲ့ မျက်စိကျမှုကို ရနိုင်ဖို့ ကျော့ရှင်းနေအောင် ပြင်ဆင်လာကြတဲ့ Omega မိန်းမတွေနဲ့ ယောကျာ်းတွေကိုလဲ မေ့ထားလို့မရ။

"Alpha နဲ့ Lunaကို ဂါရ၀ပြုပါတယ်" နှုတ်ဆက်လာတဲ့ အိမ်နီးချင်းနိုင်ငံမှ Alpha က သူ့ကို တလေးတစား ပြုးပြရင်း ပြောလာတယ်။ "ပြီးတော့ မွေးနေ့ကို ဂုဏ်ပြုပါတယ် မင်းသားNattawat!"

သူ့ရှေ့က Alphaကို သူ ပြန်ပြုံးပြလိုက်ရင်း ပြန်ပြောမိတယ်။ "ဂါရ၀ပြုပါတယ် Alpha Zee! ကျွန်တော့မွေးနေ့ပွဲမှာ ပျော်ရွှင်မယ်လို့ မျှော်လင့်ပါတယ်"

Zeeက သူ့ဘေးက ကလေးမလေးကို ညွှန်ပြလာရင်း "ဒါ ကျွန်တော့ သမီးတော် Jorinjaပါ" ပြီးတာနဲ့ ကလေးမလေးက ဂါ၀န်စကို အနည်းငယ်မပြီး "ဂါရ၀ပြုပါတယ်!" လို့ ချစ်စဖွယ် ပြောလာတယ်။

ဒီလိုပွဲမျိုးဆိုတာ မင်းသားလေးက ကြင်ယာတော်ကို ရှာတွေ့သွားပြီး သရဖူကို ဆက်ခံနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ဆယ့်ငါးနှစ်လုံးလုံး ကျင်းပလာတာပဲဖြစ်တယ်။ ဒီညပွဲရဲ့ ရည်ရွယ်ချက်က အမှန်တကယ်ကိုပဲ မင်းသားလေးရဲ့ ကြင်ယာတော်အစစ်အမှန်ကို ရှာတွေ့နိုင်ဖို့ပါပဲ။ မင်းသားလေးရဲ့ကြင်ဖက် mateကို ရှာတွေ့နိုင်မယ့် တခြားနည်းလမ်းမျိုးစုံလဲ ရှိနေပေမယ့်ပေါ့....

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now