လွမ်းဆွတ်သတိရခြင်း

457 51 6
                                    

နေ့တဒူ၀ လုပ်ငန်းဆောင်တာတွေကတောင် Fourth အတွက် အရမ်းပင်ပန်းခဲ့ပါတယ်။ တစ်ညတည်းနဲ့ မပြီးပြတ်သွားတဲ့ တော်၀င်တာ၀န်တွေရယ် သူ့ခန္ဓာကိုယ်က ပြင်းထန်တဲ့ ဟော်မုန်းနဲ့ ဖယ်ရိုမုန်းတွေရဲ့ ပြောင်းလဲမှုတွေရယ်ကြောင့် အလူးအလဲပါပဲ။ အထူးသဖြင့် သူ့ကြင်ဖက် ဘေးမှာမရှိတဲ့ဒီအချိန်မှာပေါ့...သူ လုပ်နေသမျှ အရာတွေအားလုံး ပြီးမယ့်အချိန်ရောက်ဖို့အရေး ကြာလွန်းလို့ Fourth အရှုံးပေးမိမတတ်ပါပဲ။

ဒါပေမယ့် သူ့ခန္ဓာကိုယ်က omega အဖြစ် ပြောင်းလဲလာချိန်ကစပြီး သူက တော်၀င်လုပ်ငန်းဆောင်တာတွေနဲ့ မသင့်တော်တော့သလို သူ့ကိုယ်သူ တော်၀င်အမှုထမ်း alpha တွေ betaတွေကြား သက်တောင့်သက်သာ မဖြစ်တော့တာမို့ သူ အိမ်ရှေ့စံဘ၀က လုပ်ခဲ့တဲ့ နောက်ဆုံးအလုပ်ကို သူ အပြီးသတ်နေတာပဲဖြစ်တယ်။ Fourth သူ့မယ်တော်ရယ် မရီးရယ်နဲ့ ဥယျာဉ်ထဲမှာ လေ့လာရတာ ပိုသက်တောင့်သက်သာဖြစ်တယ်လို့ထင်ပါတယ်။

"ဘုရင် ဒါနောက်ဆုံးဖိုင်ပါပဲ...ဒါပြီးရင် ဒီကိစ္စလဲပြီးသွားပြီး ဆောက်လုပ်ရေးစမှာပါ ကျွန်တော် တခြားပရောချက်ကို ဦးရီးတော် Nott ဆီ လွှဲလိုက်ပါ့မယ်" ဖိုင်ကို Markဆီလွှဲပေးရင်း သူ ပြောလိုက်တယ်။

သူ့အစ်ကိုက ဇဝေဇဝါဖြစ်သွားရင်း "ဘာလို့ တခြားပရောဂျက်ကိုပါ မင်း မဦးဆောင်လိုက်တာလဲ?" သိချင်စွာနဲ့ မေးလာတယ်။

Fourth သက်ပြင်းသဲ့သဲ့ချလိုက်ရင်း "ဒီဆယ်လ‌အတွင်း ကျွန်တော့ကိုယ် ကျွန်တော်ပဲ အာရုံစိုက်ချင်တယ် အစ်ကို ကျွန်တော်က ဖီးနစ်နဲ့မှမသက်ဆိုင်တော့ဘဲ_"

သူ ယူလာတဲ့ဖိုင်ကို စစ်ဆေးနေတဲ့Markက ၀မ်းနည်းသွားတယ်။ Fourth ပြောတာလဲမှန်သားပဲ! သူ့ညီလေးက ဖီးနစ်ရဲ့ အိမ်ရှေ့စံမဟုတ်တော့ဘဲ မန်ဂျက်စတစ်ရဲ့ သမက်ဖြစ်သွားပြီဆိုတာကို သူမေ့သွားတယ်! ဒီလိုပရောဂျက်တွေဆိုတာက ဖီးနစ်သူပုန်အချို့အတွက် Fourth အိမ်ရှေ့စံဘ၀တုန်းက လုပ်ပေးမယ်လို့ ကတိပေးခဲ့တာ။ အိမ်ခြေရာ အနည်းငယ်များတဲ့ရွာကလေးတစ်ခုကိုပေါ့..အဲ့ကတိကြောင့် လုပ်ပေးရတဲ့ ပရောဂျက်တွေထဲ နောက်ဆုံးတစ်ခုတောင် ပြီးသွားခဲ့ပြီ။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now