နောက်ဆုံး စာမျက်နှာ

666 59 11
                                    

ကိုးလအကြာ နောက်ဆုံးမှာတော့ Fourth နဲ့ သူ့ Enigma က စိတ်ဒုန်းဒုန်းချနိုင်ခဲ့ပါပြီ။ ရောစပ်သွားတဲ့သွေးတွေက Fourth ကို အိမ်ရှေ့စံ Gemini ကလွဲပြီး တခြားဘယ်သူမှမထိခဲ့ဘူးဆိုတာ သက်သေပြနေကြတယ်။ ဘယ်သူကမှ သူ့ရဲ့ သစ္စာရှိမှုကို သံသယဖြစ်တော့မှာမဟုတ်ပါဘူး။

"လနတ်သမီးက မယ်တော် မလာခင်အထိ ကျွန်တော့ကို အိပ်ခွင့်ပေးထားသားပဲ!" သူ့ယောက္ခမလက်ထဲက သူ့သားတော်လေးကို တွေ့တဲ့အခါ Fourth အပြုံးတွေနဲ့ ပြောလိုက်မိတယ်။

သူမရဲ့ မြေးဦးလေးကို ချီနေရတယ်ဆိုတဲ့အသိနဲ့ Luna မျက်နှာက မပျောက်ကွယ်သွားတဲ့ အပြုံးတွေ။ နို့သောက်ပြီးလို့ ဗိုက်၀ပြီး အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ကလေးငယ်က လက်သီးသေးသေးလေးတွေကို ဆုပ်လို့။ Luna က သူ့မြေးလေးကို Fourth ဘေး ဖြည်းဖြည်းပြန်ချလိုက်ရင်း "မယ်တော့မြေးလေး အိပ်သွားပြီဆိုတော့ အခု မယ်တော့သားမက်ကလေးအလှည့်!"

Fourth ကို ၀မ်းနည်းစွာ ကြည့်လာပြီး သူ့လက်ကို ဖွဖွလေး ကိုင်ရင်း "သားမက်လေး...ဒီမကောင်းတဲ့ ယောက္ခမကို ခွင့်လွှတ်ပေးပါ! မယ်တော့ရဲ့တစ်ကိုယ်ကောင်းဆန်မှုကြောင့် မိသားစုအဝေးမှာ နေရတဲ့ သား တစ်ချိန်လုံး ခံစားခဲ့ရတယ်" နောင်တတွေအပြည့်နဲ့ ပြောလာတယ်။

Luna လက်ကို ပြန်ကိုင်ပြီး သူ ပြုံးပြလိုက်တယ်။ "ကျွန်တော် နားလည်ပါတယ်...ဒါက မယ်တော့ကိုယ်ကျိုးအတွက် လုပ်ခဲ့ရတာမှမဟုတ်ဘဲ မယ်တော်က Luna မို့လို့သာ ဒီလိုဆုံးဖြတ်ခဲ့ရတာလေ! Luna ရဲ့ တာ၀န်က တော်၀င်သွေးကို ထိန်းသိမ်းရမှာမဟုတ်လား?"

Luna က ဖြည်းဖြည်းချင်း ခေါင်းငြိမ့်ပြတယ်။

"ကျွန်တော့ရဲ့မယ်တော်ကပြောဖူးတယ်...Luna တစ်ယောက်ရဲ့ တာဝန်က ဘုရင်ဘေးမှာ အဖော်ဖြစ်ပေးရတာတင်မကဘဲ အများအကျိုးအတွက် ကိုယ့်ကိုယ်ကို အနစ်နာခံပေးရတာလဲ ပါတယ်တဲ့" နားလည်စွာပဲ သူ စိတ်လိုလက်ရ ပြုံးလိုက်ရင်း "ကျွန်တော်လဲ မယ်တော့နေရာမှာဆို တူညီတဲ့လမ်းကိုပဲ ရွေးချယ်မှာပါ"

Fourth ရဲ့ အားနည်းနေတဲ့ ခန္ဓာကိုယ်က တင်းတင်းအဖက်ခံလိုက်ရတယ်။ အပြစ်မကင်းသလို ခံစားရတဲ့ Luna က ချုံးပွဲချငိုတယ်။ သူ့ကို ခွင့်လွှတ်ပေးတဲ့ သူ့သားမက်လေးက တကယ်ကို စိတ်ထားပြည့်၀တဲ့ နှလုံးသားပိုင်ရှင်ပဲ! Fourth သူ့မယ်တော်နဲ့ သူ့‌မရီး ဘယ်လို Luna အဖြစ် တာ၀န်ထမ်းဆောင်လဲ မြင်ဖူးပါတယ်။ သူ့မရီး View ရဲ့ Luna မဖြစ်ခင်နဲ့ ဖြစ်ပြီး ပြောင်းလဲမှုတွေကိုလဲ သူတွေ့တယ်။ ကြည့်ရတာ ဘုရင်နဲ့အတူ သရဖူကိုဆက်ခံအပြီး စွန့်လွှတ်အနစ်နာခံရတဲ့အရာတွေက မနည်းပုံပါပဲ။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now