နန်းတက်ပွဲ

503 53 6
                                    

"Fourth! ဒါက အတိတ်ကဖြစ်ခဲ့တဲ့အကြောင်းသက်သက်လေ မင်း ပြောင်းလဲလို့ရပါတယ်!" အရှုံးမပေးစေချင်တဲ့Mark ပြောလိုက်မိတယ်။

Markပြောစကားကို ထောက်ခံတဲ့အနေနဲ့ Gemini ကလဲ ခေါင်းငြိမ့်ပြရင်း "အဲ့တာအမှန်ပါပဲ! မင်းသားလေးရဲ့ဟောကိန်းအရ မင်းသားလေးက Enigma ကို မွေးဖွားရမယ်လို့ ပြောတယ်မလား? ဆိုလိုတာက ကျွန်တော်နဲ့ရတဲ့ သန္ဓေသားကို လွယ်ရင်း ဆုံးပါးသွားမှာမျိုးမဖြစ်လာဘူးဆိုတဲ့သဘောပေါ့!" ပြောလာတယ်။

ကြေကွဲစရာကောင်းလှတဲ့ Fourthရဲ့ စကားတွေကို Gemini နဲ့ Markတို့က နားလည်ပေးနိုင်စွမ်းမရှိပါဘူး။

"မင်းနေလို့မကောင်းလို့ လျှောက်ထင်နေတာဖြစ်မှာ...နားလိုက်ဦးနော်" Markက အကြံပေးတယ်။

Fourth ခေါင်းခါရင်း ထဖို့ကြိုးစားပေမယ့် သူ့ခန္ဓာကိုယ်က အားနည်းလွန်းနေတယ်။ "မဟုတ်ဘူး အစ်ကို...ကျွန်တော် ထင်ရာလျှောက်ပြောနေတာမဟုတ် အာ့" သူ လှုပ်လိုက်တာနဲ့တစ်ပြိုင်နက် အောင့်တက်လာတဲ့ဗိုက်အောက်ပိုင်းကို ကိုင်ရင်း အော်လိုက်မိတယ်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကလဲ လှုပ်မရတော့တာကို သတိထားမိတော့ သူသွေးပြတ်မတတ်ပါပဲ။ "ဘာ..ကျွန်တော့ခြေထောက်တွေ ဘာဖြစ်သွားတာလဲ!? ဗိုက်! ဗိုက်ကလဲ အရမ်းနာတာပဲ!!"

Fourth အခန်းထဲမှာရှိသမျှ လူတွေအကုန် ထိတ်လန့်နေတဲ့ Fourth ကြောင့် ဆောက်တည်ရာမရဖြစ်ကုန်ကြတယ်။ အမြဲတည်ငြိမ်နေခဲ့တဲ့Geminiတောင် အခုတော့စိုးရိမ်နေမိပါပြီ။ Fourth ကို စစ်ဆေးဖို့ သမားတော်ကို သူတို့ ထပ်ပင့်လိုက်ကြတယ်။

***

"ကြင်ဖက်နဲ့တွေ့ပြီး ကြင်ဖက်ရဲ့ဖယ်ရိုမုန်းတွေနဲ့ ထိတွေ့လိုက်မှုကြောင့် မင်းသားလေးက အခု omega အဖြစ် ပြောင်းလဲနေတာပါ..အဲ့ဒါကြောင့် မင်းသားလေးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းက လှုပ်လို့မရသလိုခံစားနေရတာပါ..ဒါပေမယ့် မနက်ဖြန် မင်းသားMarkရဲ့ နန်းတက်ပွဲမတိုင်ခင် ပြန်အဆင်ပြေသွားမှာမို့ စိတ်ပူစရာမရှိပါဘူး မင်းသားလေးGemini ဘေးမှာရှိပေးနေသရွေ့ပေါ့..ကျွန်တော်မျိုးကလဲ ဆက်တိုက် မင်းသားလေးကို စစ်ဆေးပေးသွားမှာပါ"

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now