မစ်စတီဖောအတု

394 44 1
                                    

သူ့မျက်ခွံတွေဖွင့်ဖို့ ကြိုးစားမိတော့ မြင်လွှာထဲ၀င်လာတဲ့ နေရောင်စူးစူး။ ထူးကဲလှတဲ့ သစ်ဥသစ်ဖုတွေရဲ့အနံ့က Fourth နှာ‌ခေါင်းထဲ၀င်လာပါတယ်။ ထပ်ပြီးတော့ အားနည်းနေတဲ့ခန္ဓာကိုယ်နဲ့ သူလှဲနေရပြန်ပြီ။ သူ့ခန္ဓာကိုယ်က အားတစ်စက်မှမရှိတော့သလောက်ကို အားနည်းနေတာ။ သူ့ကိုကျောပေးထားတဲ့အမျိုးသားကို သူ အားတင်းပြီးကြည့်မိတယ်။

"နိုးလာပြီလား မင်းသားလေး?"

"ခွန် Ford! အဲ့တာဆို ဒီက ခေါင်းဆောင်က..?" သူ မယုံကြည်နိုင်စွာဘဲ မေးမိတယ်။ အသက်အရွယ်နဲ့ ဖြတ်သန်းလာခဲ့ရတဲ့အတွေ့အကြုံတွေကြောင့် Ford ကို သူလေးစားခဲ့တာကို ဒါက ဘယ်လိုဖြစ်ရတာလဲ?

သူ့နား ချဉ်းကပ်လာတဲ့ Ford က ထိတ်လန့်တကြားနဲ့ "တိုးတိုးနေပါ မဟုတ်ရင် ကျွန်တော်မျိုးတို့ကို မိသွားလိမ့်မယ်!" ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ Fourth ကတော့ သိချင်စိတ်ကြောင့် အားနည်းနေတဲ့ခန္ဓာကိုယ်နဲ့ ထဖို့ကြိုးစားတယ်။

Fourth ကုတင်အစွန်းမှာထိုင်လိုက်ပြီး ဖန်ခွက်တစ်ခွက်နဲ့ Fordကို ကြည့်မိတော့ "သုံးဆောင်လိုက်ပါ အဲ့တာဆို မင်းသားလေးလဲ မြန်မြန်သက်သာလာပြီး ကျွန်တော်တို့လဲ မြန်မြန် ဒီကထွက်သွားနိုင်လိမ့်မယ်"

ဆေးခါးခါးကို Fourth တစ်ကျိုက်တည်းမော့ချလိုက်တယ်။ "တကယ်ပဲ ဘာတွေဖြစ်နေတာလဲ? ခွန်ကရော ဘာလို့ဒီမှာရှိနေတာလဲ? ကျွန်တော့ကို ရှင်းပြပါဦး!"

Ford ခဏတိတ်သွားပြီး Fourth အထင်မလွဲစေဖို့ ရှင်းပြတဲ့အခါ သုံးမယ့်စကားတွေကို ရှာရင်း သူ ဖန်ခွက်ကို ပြန်ယူလိုက်တယ်။

"ခွန် ကျွန်တော့ကို အခု ရှင်းပြပေးပါ!"

နောက်ဆုံးမှာတော့ Ford က Enigma ကို ရှာဖွေဖို့ နေရာအနှံ့ သွားလာနေတဲ့ မစ်စတီဖောအတုတွေအကြောင်း ပြောပြလာတယ်။ အစစ်တွေကြား မထင်ပေါ်အောင် ရောနှောနေထိုင်တဲ့အတွက် ဘယ်သူကတော့ အတုပါဆိုပြီး အတပ်မပြောနိုင်ဘူး။

"သူတို့ Enigma ရှိတဲ့နေရာအကြောင်း သိသွားတဲ့အခါ Enigma လက်ဆက်ပြီးချိန်ထိ စောင့်နေခဲ့တာ သူတို့ပစ်မှတ်က Enigma ပါတနာမို့လို့လေ" Ford က သေချာလေး ဆက်ရှင်းပြတယ် "သူတို့က မင်းသားလေးလို Alpha တစ်ဖြစ်လဲ omega တစ်၀က်ဖြစ်ပြီးနေတဲ့သူကို လိုချင်နေတာ...မင်းသားလေးဆီက မွေးဖွားမယ့် ကလေးက လူသားတွေရဲ့ အဆုံးမရှိတဲ့ အလွှမ်းမိုးနိုင်ဆုံး တန်ခိုးဖြစ်လာလိမ့်မယ် အဲ့တာကြောင့် မစ်စတီဖောအတုတွေက မင်းသားလေးရဲ့ ကလေးကို အသုံးချပြီး ကမ္ဘာကြီးကို အုပ်ချုပ်ချင်နေကြတာ"

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now