Enigma

553 63 26
                                    

"ကျွန်တော်မျိုးက လနတ်သမီး ဖန်တီးတဲ့ကံကြမ္မာကို တစ်ဆင့်ပြောပြပေးခဲ့ရုံပါပဲ....နောက်ဆုံးမှာ ကျွန်တော်မျိုးပြောသလိုပဲ မင်းသားလေးFourth ကြင်ဖက်ရှာတွေ့သွားတယ်မဟုတ်ပါဘူးလား?"

Ford သူ့ကိုယ်သူ အပြစ်ရှိတယ်လို့မထင်ပါဘူး။ သူက တစ်ဆင့်ပြန်ပြောပြပေးခဲ့ရုံပဲမလား? အခုတော့ Gemini နဲ့ Fourth တို့ကြား ဖြစ်ပေါ်လာတဲ့ ဒီထူးဆန်းတဲ့အခြေအနေက သူ့အပြစ်ဖြစ်နေပြီ။

"အခု ကျွန်တော်မျိုးကို ပြန်မေးခွင့်ပြုပါ မင်းသားလေးမြင်ခဲ့တဲ့အမျိုးသားက အခု မင်းသားလေးရှေ့မှာရပ်နေတဲ့ဒီအမျိုးသားပဲမဟုတ်ပါဘူးလား?" Ford တစူးတစမ်း မေးမိတယ်။

Fourth က သူ့အရှေ့ကအမျိုးသားကို သေချာကြည့်ရင်း "ကျွန်တော် သူ့မျက်နှာတော့ သေချာမမှတ်မိဘူး ဒါပေမယ့် သူ့မှာရှိတဲ့အမှတ်က ကျွန်တော့မှာရှိတဲ့အမှတ်နဲ့ တထေရာတည်းပဲ ဟုတ်တယ်မလား မင်းသားGemini?"

Fourth ရှေ့ကအမျိုးသားက ခေါင်းငြိမ့်ပြရင်း သူ့လက်မောင်းကို Fourth ဘေး ဆန့်ပြလာတယ်။ သေချာစူးစမ်းနိုင်ဖို့ အားလုံးကလဲ ရှေ့တိုးလာကြတယ်။ Fordက ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း "မှန်တယ်မလား? ကဲ ဒီကိစ္စမှာတော့ ကျွန်တော်မျိုး လုပ်နိုင်တာကုန်သွားပါပြီ ကျွန်တော်မျိုးကို ပြန်ခွင့်ပြုနိုင်မလား? ဒီနေ့ဖြစ်သမျှကို ကျွန်တော်မျိုး လျှို့ဝှက်ထားပေးပါ့မယ်" ပြောရင်း Fordက စုဝေးခန်းမထဲက ဖြည်းဖြည်းချင်း ထွက်သွားတယ်။

"လိုက်ပို့ခွင့်ပြု_"

"မလိုပါဘူး" Fordက ဆက်ပြောတယ် "မင်းတို့ကလေးတွေ! ငါ့ကိုအပြစ်တင်တယ် ဆူဖို့လုပ်တယ်ဆိုတာ အရမ်းရိုင်းတယ်နော်!" ထွက်မသွားခင် သူ ညင်ညင်သာသာပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်က ဆယ့်ငါးနှစ်အရွယ်ဖြစ်နေရင်တောင် သူက အသက်ရာကျော်နေတဲ့omegaပဲဆိုတာ အားလုံးကိုသတိရစေချင်ပါတယ်။ လူ‌ကြီးတွေဆိုတာ လူငယ်တွေအတွက် စိတ်ညစ်စရာတော့ကောင်းပေးမှဖြစ်မှာမလား?

အခုတော့ အားလုံးရဲ့အာရုံက Fourth နဲ့ Gemini ဆီပြောင်းသွားပါပြီ။ အထူးသဖြင့် Gemini က ဘယ်လိုဖြစ်တည်မှုမျိုးလဲဆိုတာကို အရမ်းသိချင်နေကြတာဖြစ်တယ်။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now