လူပျိုစင်ဘ၀

517 50 4
                                    

သူ့ရှေ့က ကုတင်ပေါ်မှာ ဖြူဖျော့စွာ လှဲလျောင်းနေတဲ့ ကိုယ်လေးကို Gemini ၀မ်းနည်းစွာကြည့်လိုက်မိတယ်။ သူ့ခေါင်းထဲမှာ ရှိနေတဲ့ အကြောင်းအရာတွေကများလွန်းလို့ ဘယ်တစ်ခုကို အရင်စဉ်းစားရမလဲဆိုတာတောင် သူမသိတော့ပါဘူး။

"ဘာတဲ့လဲ?" သူ မေးမိတယ်။

Gemini ကို တဲထဲ တိတ်တဆိတ်နဲ့ အောင်အောင်မြင်မြင် ဆွဲခေါ်လာတာကတော့ Ford ပါပဲ။ ကံကောင်းစွာနဲ့ ဒီနေ့က ဆေးဖော်ဖို့ ပါ၀င်ပစ္စည်းတွေ ရှာဖို့အတွက် သူ အပြင်ထွက်လို့ရတဲ့နေ့ဖြစ်နေတယ်။ လနတ်သမီးက သူ့အပေါ် ကောင်းနေပါသေးတယ်။ သူ Gemini နဲ့ တွေ့ခဲ့ပြီး ဘယ်သူမှ သတိမထားမိလိုက်ခင် သူ့တဲဆီ ခေါ်လာခဲ့နိုင်တယ်လေ...

တည်ငြိမ်မနေတဲ့ Gemini က ချက်ချင်းပဲ သူခေါ်ရာလိုက်လာတယ်။ နေ့တိုင်း အစားအစာတွေပို့ပေးပြီး Fourth အမြန်သက်သာဖို့ Ford စပ်ပေးနေတဲ့ ဆေးကို လာလာစစ်တဲ့ မစ်စတီဖောအတုတွေရဲ့ ခေါင်းဆောင်ကလွဲရင် ဘယ်သူမှ Fourth ကို မတွေ့ရပါဘူး။ Ford အပြင်ထွက်ရတဲ့အခါ Fourth တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဖြစ်မိပေမယ့် မစ်စတီဖောအတုတွေရဲ့ ခေါင်းဆောင်က ယုံရလောက်ပါတယ်.... Fourth ကို သာမာန်တဲလေးထဲမှာပဲ ပိတ်ထားပေမယ့်ပေါ့။

"သူတို့က လွတ်မြောက်ချင်ရင် မင်းသားလေးရဲ့ကလေးကို ပေးပါတဲ့" ကြောက်လန့်စွာ Ford ပြန်ဖြေမိတယ်။

Gemini က အေးစက်တဲ့ မျက်နှာထားနဲ့ ခေါင်းငြိမ့်လိုက်ပြီး "နောက်တစ်နည်း ရှိပါသေးတယ်" Ford ကို စူးစိုက်ကြည့်လာတယ်။ "စစ်ကြေညာပြီး ငါတို့ဒီနေရာကို ဖျက်ဆီးလိုက်မယ်" Gemini က ဆက်ပြောတယ် "စစ်ဖြစ်ရင် ထိခိုက်တဲ့သူတွေရှိမှာပေမယ့် အနည်းဆုံးတော့ ငါ့ကလေးကို ပစ်မှတ်ထားနေတဲ့ မစ်စတီဖောအတုတွေ ထပ်မရှိတော့ဘူးပေါ့"

"အင်းးးးးးးးအိမ်ရှေ့စံ" Gemini တဲထဲ စရောက်ချိန်မှာတောင် အိပ်နေတုန်းဖြစ်တဲ့Fourthရဲ့ ညည်းသံသဲ့သဲ့။ အဲ့ဒီ့အချိန်မှာ Enigma က သူ့Alphaလေးနား ချက်ချင်းပဲတိုးသွားပြီး Fourth အဆင်ပြေနေရဲ့လား အပြေးစစ်ဆေးတယ်။

တွန့်ချိုးနေတဲ့မျက်ခုံးတွေကို ညင်ညင်သာသာလေး အနှိပ်ပေးခံရတဲ့အခါ ထိတ်လန့်နေသလိုပုံစံနဲ့ Fourth က ပြန်တည်ငြိမ်သွားပြီး မျက်လုံးပွင့်လာတယ်။ အံ့ဩစရာကောင်းတာက သူ့မျက်စိရှေ့တည့်တည့်မှာ သူ့Enigma ရှိနေတာပဲ! "ကိုကို!" ပြီးတော့ အဲ့တာက သူ့ကို တအားပျော်သွားစေတယ်!

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now