အပြာရောင်လ

438 47 10
                                    

နောက်လဆိုရင် Gemini နဲ့ Fourth စတွေ့ခဲ့ကြတာ ဆယ့်နှစ်လပြည့်ပါပြီ။ တစ်နည်းအားဖြင့် လက်ဆက်ပွဲအတွက် ပြင်ဆင်မှုတွေလဲ စပြီပေါ့....လက်ဆက်ပွဲကို အပြာရောင်လကြတ်ပြီး နောက်နေ့ ကျင်းပမှာပါ။ ဒါပေမယ့် အဲ့မတိုင်ခင်တော့ Gemini နဲ့ Fourth က အပြာရောင်လကြတ်နေချိန် အမှတ်အသားပေးဖို့လိုတယ်။

ဒီနေရာမှာ မေးရမယ့်မေးခွန်းတစ်ခုက "ဘယ်လိုပေးမှာလဲ?" ဆိုတာပါပဲ။ လူတွေအားလုံးက ဆုတောင်းဖို့စုဝေးနေကြချိန် အမှတ်အသားပေးဖို့ ဘယ်နေရာမှာမှ လုံလောက်တဲ့အလင်းရောင် မရှိဘူးလေ...နောက်ဆုံးတော့ Omega Ford က ဒီအမှတ်အသားပေးစရာ နေရာမရှိတဲ့ ပြဿနာကို ဆွေးနွေးဖို့ နန်းတော်ကို ထပ်ရောက်လာရတော့တာပဲ။

"မင်းသားနှစ်ယောက်လုံး နန်းတော်ထဲမှာနေရမယ် ဒါပေမယ့် လရောင်ရတဲ့နေရာမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းကလိုပဲ ပုံမှန်အတိုင်း ဆုတောင်းကြရမယ် ပြီးတာနဲ့ ကောင်းကင်ကြီး အပြာရင့်ရောင်ဖြစ်သွားတဲ့အချိန်မှာ မင်းသားGemini က မင်းသားလေးFourth ကို အမှတ်အသားပေးလိုက်ရုံပဲပေါ့!" Fourth ကို အရင်အတိုင်း တည်ငြိမ်နေတဲ့မျက်နှာနဲ့ ရှင်းပြလာတဲ့ Ford။

"လုံခြုံရေးအတွက်ရော? နန်းတော်ထဲမှာ မင်းသားနှစ်ယောက်ထဲ ကျန်ခဲ့မှာလေ..." မန်ဂျက်စတစ်ဘုရင်ကြီးက ဝင်ပြောတယ်။

Fordက ရယ်လိုက်ရင်း "ဘယ်သူ့ကိုမှမပြောနဲ့ မင်းသားတွေကို ဖွက်ထား" Fordက လေသံမာမာနဲ့ "ဘုရင် နားမလည်ဘူးလား?" ဆက်ပြောလိုက်တယ်။

"ရိုင်းစိုင်းတာပဲ" ၀င်ပြောလိုက်တဲ့ Gemini ရဲ့ မယ်တော်ကတော့ အကြည့်စူးစူးတွေ ပြန်ရလိုက်တယ်။ ဖီးနစ်ရဲ့ Alpha နဲ့ Luna က Ford ရဲ့ အပြုအမူကြောင့် ရှက်နေကြရုံအပြင် မတတ်နိုင်ခဲ့။

***

သက်ပြင်းချသံတွေကို စက္ကန့်နဲ့မလတ် ကြားနေရတယ်။ Viewလဲ တစ်ချက်မှမနားဘဲ အခန်းထဲမှာ ညစာစားချိန်ရောက်ဖို့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်လုပ်ရင်း‌ စောင့်နေတဲ့ သူ့မတ်ကလေးကို ထိုင်ကြည့်ရုံပဲ တတ်နိုင်တယ်။

"စိတ်အေးအေးထားလေ မင်းသားလေး Fourth ချွေးတွေတောင် ထွက်နေပြီ" View သတိပေးလိုက်တယ်။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now