ပျောက်ဆုံးခြင်း

413 48 0
                                    

မနေ့ကနေ့လည်တည်းက နန်းတော်ရှိနေတဲ့ မန်ဂျက်စတစ်မြို့လည်ခေါင်ကိုသွားဖို့ မြို့အစွန်က အခြေချနေထိုင်သူတွေပြည့်နေတဲ့ ပင်လယ်ကမ်းရိုးတန်းနား တောအုပ်ကိုဖြတ်လာနေတဲ့မြင်းတစ်ကောင်။ Gemini လက်တစ်ဖက်က မြင်းဇက်ကြိုးကိုထိန်း၊ နောက်လက်တစ်ဖက်က အားနည်းလွန်းပြီး အကူအညီလိုအပ်နေတဲ့ သူ့ Alpha လေးကို ပွေ့ပိုက်ထားတယ်။

မနက်စောစောမှာတော့ နန်းတော်အပြင်က ဘယ်သူမှမသိလိုက်ခင်မှာတင် Gemini နန်းတော်ထဲ ရောက်သွားခဲ့ပြီ။ တော်၀င်မိသားစု၀င်တွေရဲ့ ကျန်းမာရေးအခြေအနေက အရမ်းကို တစ်သီးတစ်သန့်ဆန်ပြီး အပြင်လူတွေ လုံး၀မသိသင့်လို့ပဲဖြစ်တယ်။ ဒီလိုတင်းကြပ်ထားခြင်းဖြင့် အခွင့်အရေးကို အသုံးချပြီး ပုန်ကန်တာမျိုး လုပ်ကြံတာမျိုး ဖြစ်လာမှာကို တားဆီးနိုင်ပါတယ်။

"ငါ့ Alpha ကို ကယ်ပေး...သူ မနေ့ကနေ့လည်တည်းက သတိပြန်မလည်လာတာ" သူ့ Alpha ကို ဆေးပေးခန်းကုတင်ပေါ် ညင်သာစွာချရင်း Gemini တော်၀င်သမားတော်ကို ပြောလိုက်တယ်။

အသက်ရှူသံတိုးတိုးနဲ့ အားနည်းစွာ လှဲလျောင်းနေတဲ့ Fourth နား ချက်ချင်းပဲ တော်၀င်သမားတော်နဲ့ အကူတွေက အပြေးလာကြတယ်။

"၀တ်ရုံကိုချွတ်လိုက်!"

သမားတော်ရဲ့ အမိန့်ပေးမှုအပြီး အခန်းထဲက လူအားလုံး လန့်သွားကြရတယ်။ Fourth ခန္ဓာကိုယ်က ခရမ်းပုတ်ရောင် အမှတ်အသားတွေနဲ့ ပြည့်နေပြီး သူ့ခါးသွယ်သွယ်နဲ့ ပုခုံးတွေပေါ်မှာဆိုလဲ လတ်လတ်ဆတ်ဆတ် ပေးထားတဲ့ အမှတ်အသားတွေ။

သမားတော်က ဘာစကားမှမပြောနိုင်တော့ဘဲ အိမ်ရှေ့စံကို လှည့်ကြည့်လာတယ်။ Gemini ရဲ့ ချောမောလှတဲ့မျက်နှာက ထိတ်လန့်မှုတွေကိုတွေ့အပြီး Alpha လေးခန္ဓာကိုယ်ပေါ်က ဒီခရမ်းပုတ်ရောင်‌ အမှတ်အသားတွေရဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ သိသာပါတယ်။ "ငါ့....ငါ့Alpha သက်သာလာနိုင်လား?" Gemini က စိတ်ပူစွာ မေးလာတယ်။

"အားကုန်ပြီး ပင်ပန်းသွားတာပါ အိမ်ရှေ့စံ နောက်လေးငါးရက်လောက်နေရင် သက်သာလာမှာပါ" Fourth ကို စစ်ဆေးပြီး သမားတော် ပြောလိုက်တယ်။ "အိမ်ရှေ့စံ...ကျွန်တော်မျိုးတို့ နှစ်ယောက်တည်း စကားနည်းနည်းလောက်ပြောလို့ရနိုင်မလား?"

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now