ဖူးစာဖက်

388 48 4
                                    

သိပ်မကြာသေးခင်ကတင် သိသိသာသာ ချို့ယွင်းလာတဲ့ ဘုရင့်ကျန်းမာရေးကြောင့် ဘုရင်ကြီးက အပတ်စဉ် တက်ရမယ့် အစည်းအဝေးကျင်းပရာဖြစ်တဲ့ မန်ဂျက်စတစ်စုဝေးခန်းမထဲကိုတောင် လမ်းမလျှောက်နိုင်တော့ပါဘူး။ Alphaသေးသေးလေးကို Gemini တရား၀င်လက်ဆက်ယူခဲ့တဲ့သုံးလအတွင်း ဘုရင့်ကျန်းမာရေးက ကောင်းလိုက်မကောင်းလိုက်ပါပဲ။

"သား..အခု ခမည်းတော်ရဲ့ တာ၀န်တွေကို ကိုယ်စားထမ်းဆောင်ရမယ့်အချိန်ရောက်လာပုံပဲ" အိပ်ယာပေါ်က ဘုရင်ကြီးက ချောင်းဆိုးလိုက်ရင်း "မင်းလဲ အသက်သုံးဆယ်ကျော်နေပြီပဲ သရဖူကိုဆက်ခံပြီး တိုင်းပြည်ကို ဆက်အုပ်ချုပ်တော့" အားနည်းနေတဲ့အသံနဲ့ ဆက်ပြောလာတယ်။

သူ့ခမည်းတော်ရဲ့ တောင်းဆိုမှုကိုကြားရတဲ့Gemini ဇဝေဇဝါဖြစ်သွားပြီး "ခမည်းတော် ကျွန်တော် သရဖူကို ဆက်ခံမှာပါ ဒါပေမယ့် အခုတော့ အရင်သက်သာအောင်လုပ်ပေးနိုင်မလား?" ကြားရတဲ့ အဆက်မပြတ် ချောင်းဆိုးသံတွေက Enigma ကို နာကျင်စေပါတယ်။

"ခမည်းတော် သက်သာအောင်လုပ်ပါ...ခမည်းတော် သက်သာလာမှာ!"

ပြင်ဆင်မှုတွေစတင်ပါပြီ။ Gemini နဲ့ Fourth က ဘုရင်အသစ်နဲ့ ကြင်ယာတော်အသစ်အဖြစ် တာ၀န်ထမ်းဆောင်ဖို့ လက်ခံလိုက်ပြီလေ...သရဖူကို အပ်နှင်းခံမယ့် ဆက်ခံသူတွေအတွက် အားလုံးက ရင်ခုန်စိတ်လှုပ်ရှားစွာပဲ ပြင်ဆင်ပေးနေကြပါတယ်။

ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေကလဲ တိုးတက်လာပြီး အခုဆို ဘုရင့်ကို အရင်အတိုင်း မြို့ထဲမှာ ပြန်တွေ့နိုင်ပါပြီ။ ဘုရင်ကြီးက နောက်ဆုံးကျန်တဲ့သူ့နေ့ရက်တွေကို မြို့တော်ထဲမှာပဲ ကုန်ဆုံးနေချင်တာဖြစ်တယ်။

ဒါပေမယ့် အားလုံးမေ့ထားတဲ့အရာတစ်ခုကတော့ Enigma cycle စပြီဆိုတာပါပဲ။ တခြားသူတွေရဲ့ ဟော်မုန်းအနံ့ရပြီး မလိုလားအပ်တာတွေ မဖြစ်ရအောင် Gemini ကို နန်းတော်အဝေးပို့ထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ cycle စတာနဲ့ Enigma ရဲ့ မျက်‌စိရှေ့မှာ ဘယ်သူရှိရှိ အပိုင်သိမ်းမိတတ်ကြလို့ပါပဲ။ အဲ့အချိန် အဲ့လိုလုပ်ရပ်အတွက် သူ့ကိုတားတဲ့သူမှန်သမျှကိုလဲ အညှာမပေးတတ်ကြပါဘူး။

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now