ရှိတ်ထ်မြို့

635 69 6
                                    

မငြိမ်မသက်ဖြစ်နေကြတဲ့ ပြည်သူတွေကြောင့် တိုင်းပြည်အခြေအနေပါ မတည်မငြိမ် ဖြစ်လာခဲ့တယ်။ လူများစွာရဲ့ သပိတ်မှောက်တဲ့အနေနဲ့ ရပ်တန့်သွားတဲ့လုပ်ငန်းတွေက နန်းတော်ရဲ့ ဘဏ္ဠာငွေကို ငါးဆယ်ရာခိုင်နှုန်းလောက် ကျဆင်းစေပြီး နှစ်ခြမ်းကွဲသွားတဲ့ ဖီးနစ်က သမိုင်းတစ်လျှောက်မှာတော့ အဆိုးဝါးဆုံးဖြစ်ရပ်တစ်ခု။

ဒီအရာတွေအားလုံးက "ဒဏ္ဠာရီလာ မျိုးစိတ်" ကို မင်းသားလေးFourth မွေးဖွားသန့်စင်ပေးရမယ်ဆိုတဲ့ ထိတ်လန့်စရာ ဟောကိန်းကြောင့်ပါပဲ။ Alpha တစ်ယောက်က ဘယ်လိုလုပ်ပြီး ကလေးမွေးနိုင်မှာလဲ?

တစ်ခြမ်းကတော့ Fourth ရဲ့ ဟောကိန်းကို လက်ခံပြီး ဘုရင်ကြီးက သူ့သားတော်နှစ်ယောက်ကို ဘယ်လိုပဲစီမံစီမံ လက်ခံပေးမှာဖြစ်တယ်။ Enigma တကယ်ရှိကြောင်းကို ယုံတဲ့အတွက် မင်းသားလေးကို ကာကွယ်ဖို့ ရွေးချယ်ခဲ့ကြတာလေ....

နောက်တစ်ခြမ်းကတော့ Fourth ကို ဆန့်ကျင်တဲ့ တော်၀င်အမှုထမ်းတွေပါပဲ။ သရဲနဲ့ တခြားအရာတွေလိုမျိုး Enigma ကလဲ လူတွေဖန်တီးထားတဲ့ ယုံတမ်းစကားပဲလို့ သူတို့ကထင်ကြတယ်။ Fourth က ကြင်ဖက်မရှိတဲ့သူလို့ တထစ်ချယုံထားတဲ့အတွက် Fourth နေရာမှာ Markကိုအစားထိုးဖို့ လိုချင်နေတာပဲဖြစ်တယ်။

တိုင်းပြည်အတွင်း ချက်ချင်းပဲ ပျံ့သွားတဲ့ ဒီဟောကိန်းက မျက်စိတစ်မှိတ်မှာတင် လူပြောစရာဖြစ်လာပြီး လူတွေကလဲ သူတို့ယူဆချင်သလို ယူဆကုန်ကြတော့တာပဲ။

"သားငယ် မင်း မနက်တည်းက ဘာမှမစားရသေးဘူးမလား? အခု မွန်းတည့်ချိန်ပဲရောက်နေပြီ တစ်ခုခုစားလိုက်နော်" မနေ့တည်းက စားပွဲကနေ မထသေးတဲ့ သားတော်ကို Lunaက တိုက်တွန်းနေတယ်။ Fourth အပြင်းအထန် စဉ်းစားတယ်။ နက္ခတ်ပညာရှင်ဆီက Enigma တစ်ဦး မွေးဖွားသန့်စင်ရမယ်ဆိုတဲ့ ဟောကိန်းကိုရအပြီးမှာ သူ့ဘ၀က တစ်ရာ့ရှစ်ဆယ်ဒီဂရီလောက်ကို ဇောက်ထိုးဖြစ်သွားတာ။

Alpha ဘုရင်၊ Luna၊ မင်းသား Markနဲ့ သူ့ကြင်ယာတော် မင်းသမီး View Benyapaစတဲ့ တော်၀င်မိသားစုတွေတောင် ဘာပြောရမှန်းမသိကြဘူး။ အားလုံးက တိတ်ဆိတ်သွားပြီး တစ်ခုခုပြောဖို့ကို တွန့်ဆုတ်နေကြတယ်။ အထူးသဖြင့် သူပေါ့!

Implausible || Myanmar Translation (GeminiFourth ♊4️⃣ FF)Where stories live. Discover now