Intro

5K 141 5
                                    

Unicode Version

"အပြစ်ကြွေးဆပ်ချင်တယ် လို့ပြောတာ မဟုတ်လား ဒါဆိုရင် ဘာလို့ ထွက်ပြေးနေမှာလဲ။

အကြွေးဆပ်ပြီးအသက်ရှင်ချင်တယ်မှ မှန်ရင် ဒီပုံစံနဲ့ ဆပ် သခင့်အနားမှာ အခုလို နေထိုင် ရင်းနဲ့ဆပ်လို့ရတယ်

အချိန်တစ်ခုကို‌‌ေရာက်ရင် အဲဒီအကြွေးဆိုတာကို ချေဖျက်ချင်လဲ ချေဖြတ်ပေးမှာမို့"

မရှိသင့်သည့် ခံစားချက်၊ မထားသင့်သည့် ရင်ခုန်သံ။

အဲဒီရင်ခုန်သံကို မထိန်းချုပ်နိုင်၍ သူ့ဆီက ထွက်ပြေးမိသည်။

လင်းရိပ်အာရုဏ်ဦးဆိုတဲ့ မိန်းမ တစ်ယောက်အတွက် အလိုအပ်ဆုံးအရာ အဖြစ်ချင်ဆုံးက ချစ်ရသူနဲ့ ဘယ်သူမှ မရှိတဲ့ နေရာမှာ အသက်ကြီးတဲ့ အထိ အတူနေထိုင်သွားနိုင် ဖို့ပင်။

ဘယ်ခံစားချက်မဆို မျိုသိပ်ထားနိုင်သည်။ ကွယ်ဝှက်ထားနိုင်သည်။ဘယ်သူမှမသိအောင်။

သို့သော်။

အခြေအနေဆိုတာ ကိုယ်ခန့်မှန်းသလို မဟုတ်ဘဲ ရုတ်တရပ် ပြောင်းလဲသွားချိန်မှာ တော့ အချစ်ကြီးသူရဲ့ အကျဉ်းသား တစ် ယောက်လို ဖြစ်ခဲ့ရပြီ။

သခင်။ ဆိုတာ သူမအတွက် ယခုတော့ သခင် တစ်ယောက်လို ဖြစ်တည်လာခဲ့ပြီ။

ပင်လယ်လှိုင်းများသဲသောင်ပြင်ပေါ် ရိုက်ခက် သံများက Saint World Corporation ပိုင်ဆိုင်သည့် အပန်းဖြေကျွန်းလေးရဲ့ကမ်းခြေ တလျောက် ဖြန့်ကျက်လျက်။

Founder ဆိုသည့် ရဲရင့် ပျက်သားသည့် မိန်းမ တစ်ယောက်က သူ့ထက် ၁၂ နှစ်ငယ် သည့် မိန်းကလေးတစ်ယောက်ရဲ့ အကျဉ်းချ ခြင်းကို ခံရတယ်ဆိုတာ ဖြစ်သင့်ရဲ့လား။

သူပြောခဲ့သလို ဒီကျွန်းက သူမပိုင်ဆိုင်ခဲ့ သလို။ ဘာဆက်သွယ်ရေးကရိယာမှ မရှိသည့် နေရာ။

သူမ ပင်ပန်း၍ အနားယူလျှင် ဒီကို လာရောက် အပန်းဖြေလေ့ရှိပေမယ်ဘ ယခုတော့ သူမ အတွက် အကျဉ်းထောင် ဖြစ်လာခဲ့သည်။

ဖြူလွှလွှ အိပ်ရာပေါ်ကနေ မြင်နေရသည့် အိပ်ခန်းအပေါ်ထပ် မှန်တံခါးကနေ တဆင့် အပြာရောင်ပင်လယ်နှင့် ဆက်စပ်နေသည့် မိုးကောင်းကင်။

လင်းရိပ်အာရုဏ်ဦး(Love Prison) GL (Z+Uni)Tempat cerita menjadi hidup. Temukan sekarang